mid-range 5G ဖုန်းတွေ ဝယ်ဖို့စောင့်ကြမလား

လာမယ့်နှစ် ကစပြီး 5G ဖုန်းတွေကို ဈေးသင့်တင့်နဲ့ဝယ်ယူနိုင်တော့မှာပါ။


လက်ရှိအချိန် LG ၊ Samsung နဲ့Huawei တို့က ထုတ်တဲ့ 5G ဖုန်းတွေကို ကြည့်မယ်ဆိုရင် ဒေါ်လာ ၁၀၀၀ နဲ့အထက် ပရီမီယံဈေးနဲ့ထွက်ထားတာ ဖြစ်ပါတယ်။ ဈေးနှုန်း သက်သာတဲ့ 5G ဖုန်းတွေဟာ ၂၀၂၀ ပြည့်နှစ်မှာ အမှန်ဖြစ်လာမယ်လို့Huawei Business Group ရဲ့ အမှုဆောင်အရာရှိချုပ် ရစ်ချတ်ယုရဲ့ စကားကို ကိုးကားပြီး Android Authority သတင်းက ဖော်ပြထားပါတယ်။

Photo: todotech20

" 5G ဟာ လာမယ့်နှစ်ကစလို့အလတ်စားဈေး ၊ သက်သာတဲ့ ဈေးတွေနဲ့ရတော့မှာပါ။" လို့Huawei Mate 30 မိတ်ဆက်ပွဲမှာ ရစ်ချတ်ယုက ဆိုပါတယ်။ " အခု ဒီနှစ်ထဲမှာ ကျွန်တော်တို့ရဲ့ 5G ဟာ ပရီမီယံတန်ဖိုးမြင့် ထုတ်ကုန်ဖြစ်နေပြီး နောက်နှစ်မှာဆိုရင် အလယ်အလတ်တန်းဈေးနဲ့5G စမတ်ဖုန်းတွေ ထုတ်သွားတော့မှာပါ။"

Huawei ဟာ ဒီနှစ်ထဲ ထွက်မယ့် mid-range ဖုန်းတွေအတွက် Kirin 810 chipset သစ်ကို ထုတ်ထားပြီး လာမယ့်နှစ်မှာ ထွက်မယ့် Kirin 810 chipset ရဲ့ အဆက် chipset သစ်ဟာ 5G လုပ်ဆောင်ချက်တွေ ပါဖို့ရှိပါတယ်။ လာမယ့်နှစ်က စလို့5G စမတ်ဖုန်းခေတ်ကို ပြောင်းလဲတော့မှာ ဖြစ်လို့4G ဖုန်းတွေ မဝယ်သင့်ဘူးလို့ပါ ရစ်ချတ်ယုက အကြံပြုထားပါတယ်။

Photo: financialexpress


ကမ္ဘာပေါ်မှာ 5G ကွန်ရက် သုံးနိုင်တဲ့ နိုင်ငံဟာ လက်တစ်ဆုပ်စာပဲ ရှိသေးပေမယ့် ၂၀၁၉ နှစ်ဝက်အတွင်း ထုတ်လာတဲ့ flagship ဖုန်းအများစုဟာ 5G ဗားရှင်းနဲ့ထွက်လာတာပါ။ Huawei Mate 30 Pro မှာလည်း 4G နဲ့5G ဆိုပြီး ဗားရှင်း ၂ မျိုးနဲ့လာတာဖြစ်ပြီး 4G နဲ့5G ဗားရှင်းဟာ ဈေးနှုန်းအားဖြင့် ယူရို ၁၀၀ ကွာပါတယ်။

တစ်ခြား အန်းဒရိုက်ဖုန်းကုမ္ပဏီတွေဟာလည်း Qualcomm Snapdragon 600 နဲ့700 series chipset သစ်တွေကြောင့် လာမယ့်နှစ်မှာ mid-range ဈေးနဲ့5G ဖုန်းတွေ ထုတ်နိုင်တော့မှာပါ။ Qualcomm ဟာ ဒီနှစ်မကုန်ခင်မှာ upper mid-range 5G chips တွေ ထုတ်လုပ်သွားမယ်လို့ကြေညာထားပါတယ်။

Share

Loading Next Article...
က္က