တရုတ်ဈေးကွက်မှာ ဝယ်လိုအားကျနေပါတယ်။

     iPhone မော်ဒယ်ဟောင်းတွေ performance လျှော့ထားတဲ့ ကိစ္စနဲ့ဆက်စပ်ပြီး ၇၉ ဒေါ်လာတန် ဘက်ထရီကို ၂၉ ဒေါ်လာနဲ့ပြန်လဲပေးမှုဟာ iPhone ရောင်းအားကျစေတဲ့ အကြောင်းတစ်ခုလို့Apple က ဆိုပါတယ်။

         Apple အနေနဲ့မှန်းထားတဲ့ ဝင်ငွေထက် ဒေါ်လာ ၉ ဘီလျံလျော့ပြီး ဝင်ခဲ့တယ်လို့ကုမ္ပဏီရဲ့ ရင်းနှီးမြှပ်နှံသူတွေကို ပေးတဲ့ စာတစ်စောင်မှာ တင်မ်ကွတ်က ဝန်ခံထားပါတယ်။ လူတွေ iPhone သစ် ဝယ်မှု ကျဆင်းလာတဲ့ အချက်တွေထဲမှာ ထည့်တွက်ရမယ့် အချက်က နှစ်ဆန်းပိုင်းက ၇၉ ဒေါ်လာတန် ဘက်ထရီတွေကို ၂၉ ဒေါ်လာအထိ ဈေးချပြီး အစားပြန်လဲပေးတဲ့ အချက်လည်း ပါဝင်တယ်လို့သူက သုံးသပ်ထားပါတယ်။

         ဘက်ထရီလဲဖို့လွယ်လေလေ လူတွေအနေနဲ့ဖုန်းသစ်ဝယ်ချင်စိတ် နည်းလေလေဆိုတာကတော့ သဘာဝကျပါတယ်။ iPhone မော်ဒယ်ဟောင်းတွေမှာ ဘက်ထရီသစ်လဲလိုက်တာနဲ့performance ပြန်တက်ပြီး သုံးရသွက်လာမှာ ဖြစ်လို့တော်ရုံ iPhone ကိုင်သူတစ်ယောက်အနေနဲ့iPhone သစ် ထပ်ဝယ်ဖို့မစဉ်းစားကြတော့တာပါ။ Apple ဟာ ၂၀၁၇ နှစ်ကုန်ပိုင်းက iPhone မော်ဒယ်ဟောင်းတွေမှာ software update တင်ခိုင်းပြီး ဖုန်းရဲ့ performance လျှော့ချမှုပေါ် တရားဝင် တောင်းပန်ခဲ့ပါတယ်။

         iPhone သစ်ရောင်းအားကျတဲ့ နောက်ထပ် အကြောင်းအရင်းကတော့ အမာခံဈေးကွက်ကြီး ဖြစ်တဲ့ Greater China (ဟောင်ကောင် ၊ ထိုင်ဝမ် ၊ တရုတ်) ဘက်မှ အဝယ်မလိုက်မှုလည်း ပါဝင်သလို ကန်ဒေါ်လာဈေးတက်မှု ၊ iPhone ဝင်ရောက်ရာ ဈေးကွက်တစ်ချို့စီးပွားရေးကျဆင်းမှုတွေလည်း ပါဝင်တယ်လို့တင်မ်ကွတ်ကဆိုပါတယ်။ Apple အနေနဲ့iPhone အလုံးရေ ရောင်းအားကို ထုတ်ဖော်ပြောကြားခြင်း မရှိပေမယ့် ဝင်ငွေအနေနဲ့ဒေါ်လာ ၈၄ ဘီလျံခန့်ဝင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။

Photo: marketwatch

         Apple ဟာ အစောပိုင်းက ဝင်ငွေ ဒေါ်လာ ၈၉ ဘီလျံနဲ့၉၃ ဘီလျံအကြား ရရှိဖို့ခန့်မှန်းထားတာဖြစ်ပြီး ယခုလကုန်ပိုင်းမှာ နောက်ဆုံးဝင်ငွေစာရင်းကို ကြေငြာသွားဖို့ရှိပါတယ်။ လက်ရှိမှာ Apple ရဲ့ စတော့ရှယ်ယာဈေးဟာ ၇% ကျဆင်းနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က