လူငယ်တွေကို ဆွဲဆောင်မယ့် app တွေ ဆက်တိုက်ဖန်တီးနေပါတယ်

ဆယ်ကျော်သက် လူငယ်ပိုင်းကို ဦးတည်ပြီး ဟာသ meme တွေဖန်တီးမယ့် Facebook ရဲ့ LOL ပရောဂျက်ရပ်ဆိုင်းလိုက်ပြီလို့ သိရပါတယ်။

         meme app အနေနဲ့လူငယ်တွေ သုံးအောင် ရည်မှန်းထားတဲ့ LOL app ကို လူပေါင်း ၁၀၀ ပါဝင်တဲ့ team တစ်ခုနဲ့တည်ဆောက်ခဲ့တာ ဖြစ်ပြီး Recode သတင်းအရ ဒီပရောဂျက်ကို ဖျက်သိမ်းလိုက်ပြီလို့ဆိုပါတယ်။ ဒီပရောဂျက်မှာ ပါခဲ့တဲ့ ဝန်ထမ်းတွေဟာ အသက် ၁၃ နှစ်အောက် ကလေးတွေအတွက် စာပို့မယ်ယ့ အက်ပလီကေးရှင်း Messenger Kids မှာ ပြောင်းရွှေ့လုပ်ကိုင်နေပြီလို့လည်း ဆိုပါတယ် ။



         "Youth team ကို ကုမ္ပဏီရဲ့ ဦးစားပေး စီးပွားရေးအစီအစဉ်တွေထဲကတစ်ခုဖြစ်တဲ့ Messenger Kids မှာ ရင်းနှီးမြှပ်နှံမှု တိုးမြှင့်ဖို့အတွက် ပြန်လည်ဖွဲ့စည်းထားပါတယ်"လို့ကုမ္ပဏီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက Mashable ကို ပေးပို့တဲ့ အီးမေလ်ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

         LOL ဟာ Facebook ရဲ့ လူငယ်ဦးစားပေး features များ တည်ဆောက်ရေးများစွာထဲက တစ်ခုအဖြစ် စမ်းသပ်ခဲ့တာပါ။ ဒီပရောဂျက်မှာ For You ၊ Animals ၊ Fails ၊ Pranks နဲ့တစ်ခြား လူကြိုက်များတဲ့ meme pages တွေဆီက content လိုမျိုး category အစုံ ထည့်သွင်းထားခဲ့ပြီး အထက်တန်းကျောင်းသားတွေနဲ့Facebook ဝန်ထမ်းတစ်ချို့မှာပဲ beta ဗားရှင်းအဖြစ် စမ်းသပ်ခဲ့တာပါ။

Photo: 9to5 Mac

         Facebook ဟာ လက်ရှိလူငယ်များအကြား လူကြိုက်များနေတဲ့ TikTok နဲ့ယှဉ်ပြိုင်နိုင်မယ့် Lasso app ကိုလည်း iOS နဲ့Android ဗားရှင်း ၂ မျိုးနဲ့မိတ်ဆက်ထားပါတယ်။ Lasso ဟာ နောက်ခံသီချင်း တီးလုံးနဲ့သရုပ်ဆောင်နိုင်မယ့် ၁၅ စက္ကန့်စာ video app တစ်ခု ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဈေးကွက်မှာ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

      လူငယ်တွေရဲ့ အကြိုက်နဲ့နေမှုဘဝကို သိဖို့Facebook ဟာ အကြီးအကျယ်ကြိုးစားနေသလို ပြီးခဲ့တဲ့ အပတ်ကလည်း အသက် ၁၃ နှစ်ကနေ ၃၅ နှစ် အရွယ်တွေကို တစ်လ ဒေါ်လာ ၂၀ ပေးပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်မယ့် VPN app တစ်ခုကို ထည့်သွင်းပေးခဲ့တယ်လို့Tech Crunch မှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က