မြန်မာကျပ်ငွေ ၂သိန်းဝန်းကျင်သာကျသင့်မှာဖြစ်ပါတယ်။

Realme ရဲ့ နောက်ထပ်မိုဘိုင်းထုတ်ကုန်သစ်ဖြစ်တဲ့ Realme 3 အနေနဲ့ နိုင်ငံတကာဈေးကွက်တွေမှာ မိတ်ဆက်ပြီးနောက် ယခုအခါ မြန်မာပြည်မိုဘိုင်းဈေးကွက်ကိုရောက်ရှိလာတော့မှာပါ။



နောက်ဆုံး ထွက်ရှိထားတဲ့သတင်းတွေအရ လာမယ့်ဧပြီလ အစောပိုင်းတွင် စတင်ရောင်းချပေးသွားမယ် လို့ သိရပါတယ်။

Realme 3 မှာ တန်ဖိုးသင့်စမတ်ဖုန်းတစ်လုံအသွင်ဖြင့်ရောက်ရှိလာမှာဖြစ်တဲ့အပြင် နိုင်ငံတကာဈေးနှုန်းများဖြင့် ချိန်ထိုးကြည့်ပါက မြန်မာကျပ်ငွေ ၂သိန်းဝန်းကျင်သာကျသင့်မှာဖြစ်ပါတယ်။ Realme 3 မှာ HD+ ရုပ်ထွက်အရည်အသွေးရှိ 6.22-inch အရွယ်စား နှင်းစက်ပုံစံမျက်နှာပြင်ကိုအသုံးပြုပေးထားပြီး လှပဆွဲဆောင်မှုရှိတဲ့ Unibody ဒီဇိုင်းကိုအသုံးပြုပေးထားပါတယ်။

Realme 3 ရဲ့နောက်ထပ်အားသာချက်မှာ ဖုန်းတစ်လုံးအတွက်ပိုမိုအရေး ပါလာတဲ့ ဘက်ထရီပမာဏကို 4230 mAh အထိအသုံးပြုပေးထားခြင်းဖြစ်ပါတယ်။ ဒါ့အပြင် Realme အမှတ်တံဆိပ်အတွက် ပထမဆုံး Gradient အရောင်စပ်အဖြစ် Dynamic Black နှင့်အတူ Limited Edition အဖြစ်ဝင်ရောက်လာမယ့် Classic Black တို့ကို ကနဦးအဖြစ်စတင်ရောင်းချပေးသွားမှာဖြစ်ပါတယ်။  

13MP+2MP AI Dual Camera ကိုထည့်သွင်းပေးထားသည့်အတွက် Portrait အလှဓာတ်ပုံများကိုလည်း စိတ်တိုင်းကျရိုက်ယူစေနိုင်မယ့်အပြင် Nightscape နဲ့ Chroma Boost တို့လို feature သစ်တွေကြောင့် အလင်းရောင်နည်းပါးတဲ့အချိန်မှာ ပိုမိုကြည်လင်တဲ့ဓာတ်ပုံတွေနဲ့ ပိုမိုစိုပြေတောက်ပတဲ့ဓာတ်ပုံတွေကို ရယူနိုင်စေမှာဖြစ်ပါတယ်။

အဆင့်မြှင့်တင်ထားတဲ့ 13MP AI Selfie Camera ကလည်း အသားအရည်အရောင်အသွေးများကို ပိုမိုချိန်ညှိပေးနိုင်ဦးမှာပါ။ Fingerprint လက်ဗွေဖတ် unlock စနစ်နှင့်အတူ Face Unlock ပါအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်မြင့်မားတဲ့ Helio P60 Chipset နဲ့အတူ RAM 3GB+ ROM 32GB version နဲ့ RAM 4GB+ ROM 64GB version ၂မျိုးကိုထုတ်လုပ်ပေးထားပါတယ်။

Android P ကိုအခြေခံထားတဲ့ ColorOS 6.0 version ကြောင့် ဖုန်းကိုထိတွေ့အသုံးပြုမှုအပိုင်းတို့မှာ အသစ်စက်စက်အသွင်ခံစားချက်ကို ရရှိစေဦးမှာလည်း ဖြစ်ပါတယ်။ Triple slot အမျိုးအစားကြောင့် 4G ဆင်းမ်ကဒ်၂ကဒ်နှင့်အတူ သီးသန့် SD ကဒ်ကိုပါအသုံးပြုနိုင်မှာပါ။

Realme 3 မှာ hardware နှင့် software ပိုင်းညီညွတ်မျှတစွာပေါင်းစပ်ပေးထားပြီး ဈေးနှုန်းပိုင်းပါသင့်တင့်စွာ ဝင်ရောက်လာမှာဖြစ်တဲ့အတွက် ဈေးကွက်ကိုကိုင်လှုပ်မယ့် ထုတ်ကုန်သစ်တစ်ခုအဖြစ် စောင့်ကြည့်သွား ရမှာပဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က