Esports Awards Hall of Fame ဆိုတာ တစ်နှစ်တာလုံးရဲ့ လူကြိုက်အများဆုံး အကောင်းဆုံးသော Esports နယ်ပယ်ထဲမှ ကစားသမားတွေ၊ အဖွဲ့အစည်းတွေ ဆုပေးတဲ့ အခမ်းအနားတစ်ခုပါ။

   Esports Awards Hall of Fame ဆိုတာ တစ်နှစ်တာလုံးရဲ့ လူကြိုက်အများဆုံး အကောင်းဆုံးသော Esports နယ်ပယ်ထဲမှ ကစားသမားတွေ၊ အဖွဲ့အစည်းတွေ ဆုပေးတဲ့ အခမ်းအနားတစ်ခုပါ။


ဒီဆုပေးပွဲကို ၂၀၁၆ ခုနှစ်ကစတင်ပြီး နှစ်စဉ်ကျင်းပလာခဲ့တာ ဒီနှစ်နဲ့ဆို ၄ ကြိမ်တိုင်တိုင်ရှိခဲ့ပါပြီ။ ဆုပေးပွဲဆိုပေမယ့် အကဲဖြတ်ဒိုင်တွေရဲ့ဆုံးဖြတ်ချက်နဲ့ ပေးတဲ့ပွဲမျိုးမဟုတ်ဘဲ Public Voting စနစ်နဲ့ဆုံးဖြတ်ပြီး Vote အများဆုံးရရှိသူကို ဆုပေးတဲ့ပွဲမျိုးပဲဖြစ်ပါတယ်။ ဒီနှစ်ရဲ့ဆုပေးပွဲမှာ Vote ပေးခဲ့သူအရေအတွက်ဟာ ၃.၃ သန်းခန့်ရှိပြီး ဆုအမျိုးအစား ၂၇ မျိုးကို ချီးမြှင့်ခဲ့ပါတယ်။




ဆု ၂၇ မျိုးစလုံးကို ဖော်မပြတော့ဘဲ အားလုံးနဲ့ရင်းနှီးမယ့် ပေါ်ပြူလာအဖြစ်ဆုံးဆုတွေကို ပြောပြပေးသွားပါမယ်။


ESPORTS PUBLISHER OF THE YEAR

         ဒီဆုကတော့ ဂိမ်းထုတ်လုပ်တဲ့ကုမ္ပဏီတွေကိုပေးတဲ့ဆုဖြစ်ပြီး ဒီနှစ်မှာတော့ League of Legends ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Riot Games ကရရှိခဲ့ပါတယ်။ သိပ်မကြာသေးခင်ကမှ League of Legends ကိုအခြေခံထားတဲ့ ဂိမ်းအမျိုးအစားအစုံအလင်နဲ့ Animation Series တွေပါဝင်တဲ့ ပရောဂျက်အကြီးကြီးကို ကြေညာထားတဲ့ Riot Games ဒီဆုကိုရရှိသွားတာ သိပ်တော့အံ့သြစရာမရှိပါဘူး။


ESPORTS PLAY OF THE YEAR

         တစ်နှစ်တာလုံးရဲ့ ပြိုင်ပွဲတွင်း အလှပဆုံးကစားပြနိုင်သူဆုကိုတော့ Team Liquid ရဲ့ Rainbow Six Seige ကစားသမား S3xycake ကရရှိခဲ့ပါတယ်။


ESPORTS CASTER OF THE YEAR

         ဒီဆုကိုတော့ Counter Strike: Global Offensive မှာမသိသူမရှိတဲ့ Caster အတွဲတစ်တွဲဖြစ်တဲ့ HenryG နဲ့ Sadokist တို့ထဲက Henry G က ရရှိသွားခဲ့ပါတယ်။


ESPORTS CONSOLE ROOKIE OF THE YEAR


         Console Platform က တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကိုတော့ အသက် ၁၈ နှစ်သာရှိသေးတဲ့ Atlanta FaZe က Call of Duty ကစားသမား Simp ကရရှိသွားခဲ့ပါတယ်။ Playstation 4 ကစားသမားဖြစ်ပြီး အောက်တိုဘာလကမှ eUnited အသင်းနဲ့အတူ Call of Duty World League Championship 2019 မှာချန်ပီယံဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။


ESPORTS PC ROOKIE OF THE YEAR

         PC Platform က ၂၀၁၉ ရဲ့အကောင်းဆုံးလူငယ်ကစားသမားကို ချီးမြှင့်တဲ့ဆုပါ။ Fortnite World Cup 2019 ရဲ့ Solo ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ၁၇ နှစ်သား Bugha ကတော့ ဒီဆုကိုရရှိခဲ့ပါတယ်။ လက်ရှိလူကြိုက်အများဆုံးဂိမ်းတစ်ခုလို့ ဆိုနိုင်တဲ့ Fortnite ဟာ ပထမဆုံး World Cup ပြိုင်ပွဲကို ကျင်းပခဲ့တာနဲ့အတူ ဒီနှစ် Esports Award ထဲမှာ Fortnite နဲ့ သက်ဆိုင်တာတွေကို အများအပြား Voting ပေးခဲ့ကြပါတယ်။


ESPORTS COACH OF THE YEAR

         လက်ရှိအချိန်မှာ အကောင်းဆုံး CS:GO အသင်းလို့ဆိုနိုင်တဲ့ Astralis ရဲ့နည်းပြဖြစ်သူ zonic ကတော့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။


ESPORTS GAME OF THE YEAR


         ဒီဆုကိုတော့ သိပ်မကြာခင်ကမှပြီးဆုံးသွားတဲ့ LOL World Championship ရဲ့ League of Legends ဂိမ်းက ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရေပန်းအစားဆုံးဂိမ်းဖြစ်သလို The International 2019 မှာ ဆုကြေးငွေ ဒေါ်လာ ၃၄ သန်းကျော် ချီးမြှင့်ခဲ့ပြီး ဆုကြေးအများဆုံး Esports ပြိုင်ပွဲဆိုတဲ့ ဂုဏ်ပုဒ်ကိုရရှိထားတဲ့ Dota 2 ကတော့ ထိပ်ဆုံး ၁၀ ဂိမ်းအဆင့်မှာ နံပါတ် ၈ အထိသာချိတ်ခဲ့ပါတယ်။


ESPORTS TEAM OF THE YEAR

         League of Legends ပရိသတ်တွေကတော့ သူတို့အင်အားဘယ်လောက်ကြီးမားကြောင်း ပြနေသလား အောက်မေ့ရပါတယ်။ ဒီဆုကိုလည်း သိပ်မကြာသေးခင်ကမှ ပြီးဆုံးသွားတဲ့ LOL World Championship 2019 မှာ ဒုတိယရရှိခဲ့တဲ့ G2 Leauge of Legends အသင်းက ဆွတ်ခူးသွားခဲ့ပါတယ်။


ESPORTS PC PLAYER OF THE YEAR


         ဒီဆုကိုလည်း Fornite World Cup 2019 က Solo ချန်ပီယံ Bugha ကပဲ ထပ်မံဆွတ်ခူးသွားခဲ့ပါတယ်။


ESPORTS CONSOLE PLAYER OF THE YEAR


         ဒီဆုကိုတော့ Fighting Game Professional Player တစ်ဦးဖြစ်တဲ့ Sonicfox ကရရှိသွားပါတယ်။


STREAMER OF THE YEAR

         ဒီဆုကို ၂၀၁၇ ခုနှစ်တုန်းက ရရှိခဲ့ဖူးတဲ့ Dr Disrespect ကပဲ ၂၀၁၉ ခုနှစ်မှာ ထပ်မံဆွတ်ခူးနိုင်ခဲ့ပါတယ်။ မကြာခင်ကမှ Twitch ကနေ Mixer ကိုပြောင်းရွှေ့သွားတဲ့ နာမည်ကြီး Streamer ၂ ဦးဖြစ်တဲ့ Shroud နဲ့ Ninja တို့ကတော့ ဒီ List ထဲမှာ အဆင့် ၆ နဲ့ ၇ အသီးသီးရရှိခဲ့ပါတယ်။


ESPORTS ORGANIZATION OF THE YEAR

         နောက်ဆုံးချီးမြှင့်ခဲ့တဲ့ တစ်နှစ်တာအကောင်းဆုံး Esports အဖွဲ့အစည်းဆုကိုတော့ Team Liquid ကရရှိသွားခဲ့ပါတယ်။ Team Liquid ဟာ ၂၀၀၀ ပြည့်နှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့တဲ့ Esports အဖွဲ့အစည်းဖြစ်ပြီး လက်ရှိအချိန်မှာ ကမ္ဘာ့အကြီးဆုံး Esports အဖွဲ့အစည်းတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။


         ဒီဆုပေးပွဲကိုတော့ နိုဝင်ဘာလ ၂၆ ရက်နေ့က အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာရှိတဲ့ Esports Stadium Arlington မှာကျင်းပခဲ့ပြီး Twitch နဲ့ Mixer တို့မှာ Live Broadcasting လွှင့်တင်ခဲ့ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

က္က