နာမည်ကျော်မော်တော်ကားကုမ္ပဏီ BMW ဟာ Esports နယ်ပယ်ထဲမှာလည်း လူသိများစေဖို့အတွက် Esports အဖွဲ့အစည်းကြီးငါးခုနဲ့ တပြိုင်တည်း ပူးပေါင်းခဲ့ပါတယ်။

   နာမည်ကျော်မော်တော်ကားကုမ္ပဏီ BMW ဟာ Esports နယ်ပယ်ထဲမှာလည်း လူသိများစေဖို့အတွက် Esports အဖွဲ့အစည်းကြီးငါးခုနဲ့ တပြိုင်တည်း ပူးပေါင်းခဲ့ပါတယ်။

         BMW ဟာ ၂၀၁၉ ခုနှစ် မတ်လတည်းက စာချုပ်ချုပ်ဆိုခဲ့ပြီးသား Cloud9 အဖွဲ့နဲ့ သက်တမ်းတိုးခဲ့သလို Fnatic, FunPlus Phoenix, G2 Esports နဲ့ T1 တို့လို Esports ဂိမ်းအမျိုးအစားများစွာမှာ အောင်မြင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ပါ ထပ်မံစာချုပ်ချုပ်ဆိုခဲ့တာပါ။




         ဒီအဖွဲ့အစည်းတွေဟာ မြောက်အမေရိက၊ အင်္ဂလန်၊ တရုတ်၊ ဂျာမနီ စတဲ့ ဒေသအသီးသီးမှဖြစ်ပြီး Dota2, CSGO, LOL စသဖြင့် မတူညီတဲ့ ဂိမ်းအမျိုးအစားတွေမှာ နာမည်ရှိပြီးသား အဖွဲ့အစည်းတွေဖြစ်တာကြောင့် BMW ဟာ နိုင်ငံတကာ Esports နယ်ပယ်မှာ ပုံရိပ်ကောင်းရယူခဲ့တာလို့ ဆိုရမှာပါ။

         BMW ရဲ့ အမှတ်တံဆိပ်နဲ့သုံးစွဲသူပိုင်းဆိုင်ရာ စီနီယာ Vice President တစ်ဦးဖြစ်တဲ့ Jens Thiemer ကတော့ “ကမ္ဘာ့အကောင်းဆုံးအသင်းတွေနဲ့ အင်အားချင်းပူးပေါင်းတာဟာ ကျွန်တော်တို့ရဲ့ ဒီဇိုင်းနဲ့တီထွင်ဉာဏ်စွမ်းရည်ကို အသုံးပြုပြီး ရေရှည်မှာ ပုံစံကောင်းရရှိအောင် ကူညီပေးဖို့ဖြစ်ပါတယ်။ Esports ကဏ္ဍမှာ ပါဝင်လာတာဟာ အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် လျှင်မြန်စွာကြီးထွားလာတဲ့ ကွန်မြူနီတီတစ်ခုရဲ့ လမ်းဆုံအသစ်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မားကက်တင်းလှုပ်ရှားမှုတွေအတွက် Esports ဟာ အရှိန်အဟုန်ကောင်းပြီး အလားအလာရှိတဲ့ ပူးပေါင်းမှုလို့ ယူဆရပါတယ်” လို့ ဆိုခဲ့ပါတယ်။

         အခုပူးပေါင်းမှုကြောင့် ဆိုရှယ်မီဒီယာတွေမှာသာမက BMW ဟာ ဒီအသင်းတွေပြိုင်ပွဲဝင်ဖို့သွားလာတဲ့အခါမှာလည်း မော်တော်ယာဉ်ကူညီပေးမှာဖြစ်ပါတယ်။ Esports ဟာ အသက်အရွယ်ပေါင်းစုံ ပရိသတ်တွေရှိပြီးသားဖြစ်ပေမယ့် အခုလို Lockdown ကာလမှာ ဆော့ကစားကြည့်ရှုသူဦးရေ စံချိန်တင်တိုးတက်လာနေပါတယ်။ BMW သာမက အခြား နိုင်ငံတကာ စီးပွားရေးအမှတ်တံဆိပ်တွေကလည်း Esports အသင်းတွေကို ပူးပေါင်းထောက်ပံ့ခြင်းနဲ့ အမှတ်တံဆိပ်တွေကို ကြော်ငြာလာပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က