Dota 2 ကစားသူတိုင်းသိကြတဲ့ ကပ္ပတိန်ကြီး Puppey ရဲ့ Team Secret ကတော့ သူတို့အဖွဲ့အစည်းလက်အောက်မှာ အသင်းသစ်တွေ ထပ်မံဖွဲ့စည်းပြီး Esports နယ်ပယ်ထဲကို အရှိန်ဟုန်ပြင်းပြင်းနဲ့ တိုးဝင်နေပြန်ပါပြီ။

Dota 2 ကစားသူတိုင်းသိကြတဲ့ ကပ္ပတိန်ကြီး Puppey ရဲ့ Team Secret ကတော့ သူတို့အဖွဲ့အစည်းလက်အောက်မှာ အသင်းသစ်တွေ ထပ်မံဖွဲ့စည်းပြီး Esports နယ်ပယ်ထဲကို အရှိန်ဟုန်ပြင်းပြင်းနဲ့ တိုးဝင်နေပြန်ပါပြီ။


Team Secret ဟာ လွန်ခဲ့တဲ့ရက်ပိုင်းခန့်ကပဲ League of Legends အသင်းနဲ့ PUBG Mobile အသင်းသစ်ကို ထပ်မံဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး တစ်ဆက်တည်းမှာပဲ အသင်းသစ်တွေနဲ့ပတ်သတ်တဲ့အချက်အလက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။



လက်ရှိ Team Secret လက်အောက်မှာ Dota 2, Fortnite, Apex Legends, Age of Empires II, Rainbow Six Siege, CS:GO နဲ့ PUBG Mobile အသင်းတို့ဖွဲ့စည်းထားပြီး AFK လို့အမည်ပေးထားတဲ့ ဘီယာကိုလည်း ထုတ်လုပ်ရောင်းချလျက် ရှိပါတယ်။


တကယ်တော့ Team Secret ဟာ League of Legends အသင်းကိုဖွဲ့စည်းရာမှာ ကစားသမားတစ်ဦးချင်းစီကို လိုက်လံခေါ်ယူခဲ့တာမဟုတ်ဘဲ လက်ရှိ Vietnam Championship Series (VCS) မှာယှဉ်ပြိုင်ဆော့ကစားလျက်ရှိတဲ့ Lowkey Esports မှကစားသမားတွေနဲ့ နည်းပြကိုပါ ဝယ်ယူခဲ့တာပဲဖြစ်ပါတယ်။


လက်ရှိ Team Secret LOL အသင်းရဲ့လူစာရင်းကတော့

Top - Coated

Jungle - DNK

Middle - Artifact

ADC - Celebrity

Support - Venus တို့ဖြစ်ပြီး Hani (Top), Yin (Support) တို့က အရံကစားသမားများအဖြစ် ပါဝင်ထားပါတယ်။

ဒီကစားသမားတွေဟာ Lowkey Esports အသင်းနဲ့အတူ VCS Summer 2019 မှာတုန်းက ဒုတိယနေရာအထိရရှိအောင် စွမ်းဆောင်ထားနိုင်တဲ့အသင်းဖြစ်ပြီး လက်ရှိအချိန်မှာလည်း VCS Spring 2020 ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပါတယ်။


Team Secret နောက်ထပ်ဖွဲ့စည်းလိုက်တာကတော့ PUBG Mobile အသင်းပါ။ Team Secret ဟာ မလေးရှားအခြေစိုက် PUBG Mobile အသင်းရှိပြီးသားဖြစ်ပေမယ့် ဒီတစ်ကြိမ်မှာတော့ ထိုင်းနိုင်ငံအခြေစိုက် PUBG Mobile အသင်းကို ထပ်မံဖွဲ့စည်းလိုက်တာပဲဖြစ်ပါတယ်။


အသစ်ဖွဲ့စည်းလိုက်တဲ့ Team Secret PUBGM (Thai) အသင်းမှာ ထိုင်းနိုင်ငံသားတွေဖြစ်တဲ့ Jayzii, Twokay, Kengzo, Tz တို့ပါဝင်ပြီး Team Secret PUBGM (Malaysia) အသင်းမှာတော့ BiuBiu, SinB Neo, AlexER, PotatoBangBang တို့ပါဝင်ပါတယ်။

PUBG Mobile ဟာ ဥရောပမှာထက် အရှေ့တောင်အာရှမှာ ပိုပြီးရေပန်းစားတဲ့ဂိမ်းဖြစ်တာကြောင့် Team Secret အနေနဲ့ အရှေ့တောင်အာရှဒေသတွင်းမှာရှိတဲ့ ကစားသမားတွေခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။


PUBG Mobile ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Tencent ဟာ ၂၀၂၀ ခုနှစ်မှာ PUBG Mobile World Championship ကိုအကောင်ထည်ဖော်သွားမှာဖြစ်ပြီး အဲဒီပြိုင်ပွဲနဲ့ အခြားဆက်စပ်ပြိုင်ပွဲများအတွက် ဒေါ်လာ ၅ သန်းကျော်ကိုလည်း ဆုကြေးအဖြစ်ချီးမြှင့်သွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။


PUBG Mobile World Championship တစ်ကမ္ဘာလုံးစာကျင်းပတဲ့ပြိုင်ပွဲဆိုပေမယ့် ဝင်ခွင့်နေရာအတွက်တော့ အာရှနိုင်ငံတွေက အခွင့်အလမ်းပိုမိုရရှိမှာဖြစ်ပါတယ်။ အဲဒါကြောင့် Team Secret က PUBG Mobile အသင်း ၂ သင်းကို ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခြားသော ဥရောပအခြေစိုက်နဲ့ အမေရိကအခြေစိုက် Esports အဖွဲ့အစည်းတွေကလည်း အာရှတွင်းမှာ PUBG Mobile အသင်းတည်ထောင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

က္က