ပရိသတ်အချစ်တော် အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ သူရိယနဲ့ ဆုအိမ့်စံတို့က ‘’ချစ်သူများနေ့’’ မှာ စေ့စပ်လိုက်ပြီလို့ သိရပါတယ်။ ချစ်သူသက်တမ်း ၂ နှစ်ကျော်အကြာမှာ ပြုလုပ်ခဲ့တာပါ။
Photo: Forever
သရုပ်ဆောင် သူရိယနဲ့ သရုပ်ဆောင် ဆုအိမ့်စံတို့ဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ စေ့စပ်ကြောင်းလမ်းလိုက်ပြီလို့ သူရိယက ပြောပါတယ်။ သူတို့ ချစ်သူနှစ်ဦးဟာ ပရိသတ်အားကျရတဲ့ စုံတွဲလေး တစ်တွဲဆိုရင်လည်း မမှားပါဘူး။
‘’Happy Our Valentine’s Day မင်းမဟုတ်တဲ့ အခြားအရာတွေနဲ့တော့ ဘဝ ကိုအိုမင်းမသွားချင်ဘူး။ ဒီနေ့ ကျွန်တော်တို့ ၂ ယောက် စေ့စပ်လိုက်ပါပြီ’’ ဆိုပြီးတော့ သူရိယနဲ့ ဆုအိမ့်စံတို့ရဲ့ တရားဝင် ဖေ့စ်ဘွတ် Page ကနေ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၅၆ မိနစ်က တင်ခဲ့တာဖြစ်ပါတယ်။
Photo: Forever
သူရိယနဲ့ ဆုအိမ့်စံတို့ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့က ချစ်သူသက်တမ်း ၂ နှစ် ပြည့်ခဲ့ကြတာဖြစ်ပါတယ်။ တရားဝင်ချစ်သူတွေ အဖြစ် ပရိသတ်ကို အသိပေးခဲ့ကြပြီးတဲ့ နောက်မှာတော့ ပွဲတွေကို အတူတူ တက်ဖြစ်နေတာတွေ့ရပါတယ်။ ''အမြဲတတွဲတွဲသွားဖြစ်တယ်ဆိုတာကလည်း အရမ်းချစ်လို့ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အားတဲ့အချိန်ဆိုရင် သူ့အနားကိုပဲသွားချင်တယ်။ တစ်ခုခု သွားစားမယ်ဆိုလည်း ဆုဆု ရေသွားရအောင် ဆိုပြီး အမြဲတမ်းတွေ့နေရတာလေ တစ်ခါ တစ်လေ နယ်သွားလို့ ရှိရင် ပြန်လာဖြစ်တယ် ဆုဆုရေ တွေ့ချင်တယ်ဆိုပြီး ပြန်လာတာရှိတယ် ဘာပဲဖြစ်ဖြစ် ချစ်နေလို့အမြဲတမ်းတွေ့ဖြစ်တာပေါ့ '' လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။
Photo: Forever
ချစ်စရာကောင်းတဲ့ စုံတွဲလေးတွေလည်း ဖြစ်သလို အနုပညာရှင်တွေလည်း ဖြစ်ကြတဲ့ သူတို့ နှစ်ဦးကို ချစ်ကြတဲ့ ပရိသတ်တွေက အများကြီးပါ။ ဆုအိမ့်စံကို ဖေ့စ်ဘွတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူရိယဟာ ငယ်ငယ်ကတည်းက အနုပညာအလုပ်တွေ ဆောင်ရွက်လာတာဖြစ်သလို ‘’စိန်ဘယက်’’ ဆေးကြော်ငြာကနေတဆင့် ပရိသတ်အားပေးမှု ရရှိခဲ့သူ ဖြစ်ပါတယ်။
Photo: Forever
သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံတို့ကတော့ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗီဒီယိုဇာတ်ကား
တွေမှာလည်း အတူပါဝင်သရုပ်ဆောင်ထားပါတယ်။ လက်ရှိမှာတော့ သူတို့ရဲ့ အချစ်ရေးက ပိုမိုခိုင်မာလျှက်ရှိပြီးပရိသတ်တွေကလည်း သူတို့ ချစ်သူနှစ်ဦးကို အားပေးနှစ်သက်ကြတာကို တွေ့ရပါတယ်။