ဒဂုံမြို့သစ်(မြောက်ပိုင်း)မှာ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

ခင်ဝင့်ဝါကတော့ သူမကို လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ လှောင်ပြောင်ပြောဆိုနေ သူနှစ်ဦးကို ပညာသားပါပါ တုံ့ပြန်လိုက်ပါပြီ။

 

သရုပ်ဆောင် ခင်ဝင့်ဝါကတော့ အဆိုတော် ဟန်နေတာနဲ့ သူမပုံတွေကို တွဲပြီး လှောင်ပြော င်ပြောဆိုနေသူ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်နှစ်ဦးကို ဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်လိုက်ပါပြီ။ သူမနဲ့ ဟန်နေတာ ပုံများကို ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ အတူတွဲတင်ပြီး မဟုတ်မမှန်ရေးသား ခဲ့တဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင် Pyae Phyo Hein နဲ့ Zaw Zaw Maung ပိုင်ရှင်တို့ကို ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှာ (ပ)2477/19 ဆက်သွယ်ရေးပုဒ်မ- ၆၆(ဃ)နဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့ထံမှ သိရပါတယ်။

“ဆက်သွယ်ရေး ပုဒ်မနဲ့ အကောင့်နှစ်ခုကို အမှုဖွင့်ထားတယ်ဆိုတာ မှန်ပါတယ်။ အခုလက်ရှိကတော့ လိုက်လံစုံစမ်းနေဆဲပါ” လို့ ရဲအရာရှိတစ်ဦးက Duwun ကို ပြောပါတယ်။

photo :RBV

အမှုဖွင့်ထားတဲ့ တရားလိုခင်ဝင့်ဝါကို ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ Duwun က ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်၍ မရခဲ့ပါဘူး။

ခင်ဝင့်ဝါ(Khin Wint Wah)ဟာ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အလှမယ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကိုယ်စားပြု Miss Supranational Myanmar တစ်ယောက်ဖြစ်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့အလှမယ်တစ်ယောက်ပါ။  

photo :RBV

အခုနောက်ပိုင်း ခင်ဝင့်ဝါဟာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေရတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လို့နေပါပြီ။ သူမဟာ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေတာဖြစ်သလို ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင်လည်း အားကြိုးမာန်တက် ဆောင်ရွက်တတ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က