၂၀၁၇-၂၀၁၈ ရာသီကတည်းက ၂၆ ပွဲသာ ပါဝင်ကစားပေးထားရသေးသူပါ။

မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်းနားဆိုးလ်ရှားဟာ မားကို့စ်ရိုုဟိုကို အိုးထရက်ဖို့ဒ်မှာ ဆက်လက်ရှိနေစေချင်ကြောင်း ပြောကြားခဲဲ့တယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အာဂျင်တီးနားလက်ရွေးစင်နောက်ခံကစားသမား မားကို့စ်ရိုဟိုဟာ ဒဏ်ရာပြဿနာအများအပြားကြောင့် ၂၀၁၇-၂၀၁၈ ရာသီကနေ ယနေ့အချိန်အထိ ၂၆ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီမှာ ရောင်းထုတ်ခံရမယ်လို့ မျှော်လင့်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

ဒါပေမယ့် အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မားကို့စ်ရိုဟိုဟာ အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေခဲ့ပြီး လေ့ကျင့်ရေးအစီအစဉ်မှာ နည်းပြဆိုးလ်ရှားကို ၎င်းရဲ့ခံယူချက်နဲ့ အထင်ကြီးအောင် ပြုလုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားကလည်း မားကို့စ်ရိုဟိုဟာ ယူနိုက်တက်အဝတ်လဲခန်းအတွင်းမှာ ထင်ပေါ်ကျော်ကြားတဲ့ကစားသမားမျိုးဖြစ်ပြီး ထိပ်တန်းအရည်အသွေးရှိတဲ့ ကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။



“သူက ဒီည အရမ်းကောင်းမွန်ခဲ့တယ်လို့ ထင်ပါတယ်။ သူက ရာသီကြိုစတင်ချိန်ကတည်းက အရမ်းကောင်းမွန်တဲ့ပုံစံ ပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ်”

“သူ မျှော်လင့်ထားတာထက် ပိုပြီး သူ ကစားခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် သူ ဒီမှာရှိနေသေးတာပါ”

“သူက ထိပ်တန်းအရည််အသွေးရှိတဲ့ကစားသမားပါ”

“သူက အနိုင်ရရှိသူ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်သူ၊ သူူက ဘောလုံးပေးပို့နိုင်ပြီး ခံစစ်ကို ကာကွယ်နိုင်ပါတယ်”

“အခုအချိန်မှာ သူ့ကို ကြံ့ခိုင်မှုပြည့်ဝနေအောင် ထိန်းသိမ်းထားဖို့ဖြစ်ပြီး သူ ကြံ့ခိုင်မှုပြည့်ဝနေခဲ့တာ အခုဆို အတော်လေးကြာပါပြီ။ ခင်ဗျား သူ့ရဲ့အရည်အသွေးတွေကို မြင်နိုင်ပါတယ်”လို့ ပါတီဇန်ဘဲဂရိတ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။

Share

က္က