ဂျူးဂျူးကေနဲ့ ခင်ပွန်းဖြစ်သူ ကိုစိုးမြတ်နွယ်တို့ဟာ လှည်းကူးမြို့နယ်က ကမ်းနီကျေးရွာမှာရှိတဲ့ အဓိဌာန်ကျောင်းအတွက် ရေတွင်း၊ ရေကန်အတွက် အလှူငွေကျပ် ၁၂ သိန်းလှူဒါန်းခဲ့ပါတယ်တဲ့။ သူမတို့ ဇနီးမောင်နှံဟာ ဇန်နဝါရီလအတွင်းမှာ မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပါတယ်။
Photo: Ju Ju K
သရုပ်ဆောင် ဂျူးဂျူးကေနဲ့ ခင်ပွန်းဖြစ်သူ ကိုစိုးမြတ်နွယ်တို့ ဇနီးမောင်နှံဟာ ရေလိုအပ်တဲ့ ဒေသဖြစ်တဲ့ လှည်းကူးမြို့နယ်၊ ကမ်းနီကျေးရွာမှ အဓိဌာန်ကျောင်းမှာ ရေတွင်း၊ ရေကန်အလှူ ငွေကျပ် ၁၂ သိန်းကို မတ်လ ၁၅ ရက်နေ့ မနက်ပိုင်းက ကုသိုလ်ပြု လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။ ဒီအလှူအတွက် ဂျူးဂျူးကေကိုယ်တိုင်ကလည်း ဝမ်းသာပီတိတွေကို ပရိသတ်ဆီ မျှဝေခဲ့ပါတယ်။
‘’စိတ်ထဲမှာ ရေတွင်းလှူချင်နေတာ ကြာပါပြီ။ အခုတော့ တိုက်တိုက်ဆိုင်ဆိုင် လိုအပ်နေတဲ့ နေရာမှာ ကိုယ်လှူနိုင်တဲ့အချိန်ဖြစ်နေခဲ့တယ်။ အဝီစိရေတွင်းကို ပေ ၄၅၀ ထိတူးပြီး၊ ရေစုပ်စက်ပရက်ရှာပန့်ခ်နှင့်အတူ လှူနိုင်ခဲ့လို့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်’’ ဆိုပြီးတော့ မတ်လ ၁၅ ရက်နေ့ မနက် ၁၀ နာရီ ၇ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Ju Ju K
အဲဒီနောက် အလှူရှင်လည်း ရှားပါးတဲ့နေရာဖြစ်တာကြောင့် နောက်ထပ်အလှူအတန်းတွေ ပြုလုပ်နိုင်စေဖို့ ဂျူးဂျူးကေက နိဗ္ဗာန်ဆော် လုပ်ခဲ့ပါသေးတယ်။
‘’ ဒီကျောင်းလေးမှာ အလှူရှင် အရောက်အပေါက်နည်းလို့ နောက်ထပ် အလှူရှင်များလဲ လိုအပ်လျက်ရှိနေတဲ့အတွက် မပြည့်သေးတဲ့အိုးကို ရေဖြည့်တဲ့အနေနှင့် သွားရောက်လှူဒါန်းလိုက လှူဒါန်းနိုင်ပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတယ်ရှင့်’’ ဆိုပြီးတော့ ဆက်လက် ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Ju Ju K
Photo: Ju Ju K
ဂျူးဂျူးကေဟာ အနုပညာလောကထဲကို မော်ဒယ်လ်တစ်ယောက် အနေနဲ့ စတင်ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီနောက် တယောကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်တဲ့ သူမရဲ့ ပညာကြောင့်လည်း ပရိသတ်တွေက ပိုသတိထားမိခဲ့ကြပါတယ်။ အခုလက်ရှိမှာတော့ ဂျူးဂျူးကေဟာ ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးတဲ့ ‘’Now & Ever ‘’(ထာဝရနှောင်ကြိုး) ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင်ဇဏ်ခီနဲ့ ပိုင်ဖြိုးသုတို့ကလည်း ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။