၀ဲလောင်တိုက်နယ်ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။

တောင်သာမြို့မှာ ဆယ်တန်းစာမေးပွဲအခန်းစောင့် ဆရာမတစ်ဦး မူးဝေလဲကျတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက ဆေးရုံကိုပို့ဆောင်ပေးခဲ့ပါတယ်။

ဓါတ်ပုံ- မန္တလေးတိုင်းရဲတပ်ဖွဲ့

တောင်သာမြို့မှာ တက္ကသိုလ်ဝင်စာမေးပွဲအခန်းစောင့် ဆရာမ(၁)ဦး မူးဝေလဲကျခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက ကူညီပေးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ မတ်လ ၁၁ ရက်နေ့မှာ ဖြစ်ပွားခဲ့တာပါ။

တောင်သာမြို့၊ တလိုင်းရပ်ရွာသစ် အခြေခံပညာမူလတန်းကျောင်း စာစစ်ဌာနမှာ စာမေးပွဲအခန်းစောင့် ဆရာမ ဒေါ်မော်လီဆွေ အသက် (၄၂)နှစ်က စာမေးပွဲအခန်းစောင့်နေစဉ် မူးဝေလဲကျခဲ့တာကြောင့် အဲ့ဒီကျောင်းမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ဝဲလောင်ရဲကင်းစခန်းက ရဲဒုတပ်ကြပ်ဇော်မျိုးထက်က ဝဲလောင်တိုက်နယ်ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အလားတူပဲ မတ်လ ၁၁ ရက်မနက်ပိုင်းက သထုံမြို့ ကျိက်ကော် အထက်တန်းကျောင်းမှာ ဆယ်တန်းစာမေးပွဲ ဖြေဆိုဖို့လာတဲ့ ကျောင်းသူတစ်ဦးက နှလုံးရောဂါအမောဖောက်ခဲ့တာကြောင့် သိမ်ဆိပ်တိုက်နယ် ဆေးရုံကို ပို့ဆောင်ပေးခဲ့ဲရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ကျောင်းသူကိုလည်း စာမေးပွဲအချိန်မီဖြေဆိုနိုင်ဖို့ ရဲတပ်ဖွဲ့ဝင်တွေက ဆေးရုံမှာဖြေဆိုနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့တာကြောင့် သထုံခရိုင်ဆေးရုံကြီးမှာ အချိန်မီ ဖြေဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

Share

Loading Next Article...
က္က