ကနဦးအနေနဲ့ သင်တန်းသား ၆၀၀ ကို သင်ကြားပေးမှာပါ။

လူငယ်တွေ အသက်မွေးဝမ်းကြောင်း ပညာရပ်တွေ တတ်မြောက်စေဖို့ ရည်ရွယ်ပြီး တောင်ဒဂုံမြို့နယ်၊ ၅၄ ရပ်ကွက်၊ ဇေယျာမြိုင်လမ်းမှာ 'စု'အသက်မွေးဝမ်းကြောင်းသိပ္ပံသင်တန်း ဖွင့်လှစ်သွားတော့မယ်လို့ သိရပါတယ်။

Photo - Maung Maung Soe - Yangon Mayor (ပန္နက်တင်အခမ်းအနားပြုလုပ်စဉ်)

မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းရေးသင်တန်း၊ အိုင်တီနည်းပညာသင်တန်း၊ Mobile Phone၊ လက်ကိုင်ဖုန်း နည်းပညာသင်တန်း၊ ဘာသာစကားသင်တန်း၊ ယဉ်ကျေးမှုသင်တန်း၊ အထည်ချုပ်ကျွမ်းကျင်မှုသင်တန်း၊ စတဲ့သင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

သင်တန်းကျောင်းမှာ အမျိုးသမီးတွေ၊မသန်စွမ်းသူတွေနဲ့ အခြားလိုအပ်ချက်ရှိသူတွေကို ဦးစားပေးသင်ကြားပေးသွားမှာ ဖြစ်ပြီး ကနဦးအနေနဲ့ သင်တန်းသားဦးရေ ၆၀၀ ကို သင်ကြားပို့ချဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ ဘာသာရပ်တွေကို သင်ကြားပေးနိုင်မယ့် ကျွမ်းကျင်သော ပြည်တွင်းပြည်ပနည်းပြဆရာ၊ ဆရာမတွေကို စိစစ် ရွေးချယ်သွားမှာ ဖြစ်ပြီး သင်တန်းကို NLD ပညာရေးကွန်ရက်မှ ပြည်တွင်း ပြည်ပ ပညာရေးအဖွဲ့အစည်းတွေနဲ့ လက်တွဲပူးပေါင်းအုပ်ချုပ်သွားမှာလည်း ဖြစ်ပါတယ်။

Photo - Maung Maung Soe - Yangon Mayor (ပန္နက်တင်အခမ်းအနားပြုလုပ်စဉ်)

ု အသက်မွေးဝမ်းကျောင်းသိပ္ပံ သင်တန်းကြောင်းကို Korea Myanmar Social Enterprise မှ ဆောက်လုပ်လှူဒါန်း သွားမှာ ဖြစ်ပြီး နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲနှင့် မြေသန့်ခြင်းပန္နက်တင် မင်္ဂလာအခမ်းအနားကို ဧပြီ ၇ ရက်က တောင်ဒဂုံမြို့နယ်ရှိ အသက်မွေးဝမ်းကျောင်းသိပ္ပံဆောက်လုပ်မယ့် နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

“တောင်ဒဂုံမှာက အခြေခံလက်လုပ်လက်စားတွေများတယ်။ အတန်းပညာအားနည်းတော့ အလုပ်အကိုင်လဲ မယ်မယ်ရရမရှိကြဘူး။ စက်မှုဇုန်တွေလည်းများတော့ တောင်ဒဂုံမြို့နယ်မှာ အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့ ဒီလိုသင်တန်းကျောင်းဖွင့်လှစ်တာပါ” လို့ တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဆိုပါတယ်။

Share

Loading Next Article...
က္က