တည်ကြက်ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်ထားတဲ့ ရွှေသမီးနဲ့ ချောကလျာ တို့က သူတို့ရဲ့ ကာရိုက်တာ အကြောင်းအရာလေး တွေကို မိတ်ဆက် ပေးခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာလည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။
Photo: တည်ကြက်ဖေ့စ်ဘွတ်
သရုပ်ဆောင် ရွှေသမီးနဲ့ ချောကလျာ တို့ကိုတော့ တည်ကြက် ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ တောထဲ တောင် ထဲမှာ ပင်ပင်ပန်းပန်း ရိုက်ကူးခဲ့ရတာ ဖြစ်လို့လည်း အမှတ်တရတွေ အများကြီးရှိတဲ့ အကြောင်းကို သူတို့ နှစ်ဦးက မီဒီယာတွေကနေ တဆင့်ဖြေ ဆိုခဲ့ပါတယ်။
'' ပင်ပန်းတယ်၊ အဲ့ဒီကားရိုက်ရတာလေ လူတစ်ကိုယ်လုံးလည်း ချွေးစော်တွေ နံပြီးတော့ ဖုန်တွေနဲ့ အင်္ကျီက လျှော်လည်း မလျှော်ရဘူး၊ လဲ လည်း မလဲရဘူး။ ဇာတ်ကားတစ်ကားလုံးမှာ အဝတ်အစားက ၂ စုံလေ။ လမ်းလျှောက်ရတာနဲ့ ချွေးတွေက ထွက်နေပြီ မရိုက်ရသေးဘူး၊ ကိုယ့် အထုတ်ကိုယ်သယ်ပြီး သွားနေရတာ တချို့နေရာတွေဆို တစ်ယောက်နဲ့တစ်ယောက် တွဲပြီးတော့ သွားရတာ'' လို့ ရွှေသမီးက ပြောပါတယ်။
Photo: တည်ကြက်ဖေ့စ်ဘွတ်
ရေကူးကြတဲ့အခန်းဆို ရုပ်ရှင်ရိုက်နေတယ်မထင်ဘူးဆိုတဲ့နန်းခင်ဇေယျာ
တည်ကြက် ရုပ်ရှင်ဇာတ်ကားဟာ စွန့်စားခန်းများစွာ ပါဝင်တဲ့ဇာတ်ကားဖြစ်တာကြောင့် ခက်ခက်ခဲခဲ ရိုက်ကူးခဲ့ကြရတယ်လို့ ချောကလျာက ပြောပါတယ်။ ထိခိုက်ဒဏ်ရာတွေလည်း ရခဲ့ကြတယ်ဆိုတာကို စက်တင်ဘာလ ၃၀ ရက်နေ့မနက်က တည်ကြက်ရုပ်ရှင်အထူးပြပွဲမှာ ဖြေဆိုခဲ့တာ ပါ။
'' တောင်တွေ တက်ရတဲ့ အခန်းဆို ကြိုးတစ်ချောင်းနဲ့ တကယ်တက်ရတာ။ ဘေးနားမှာလည်း ဘယ်သူမှ မရှိဘူး ကိုယ့်အားကိုယ်ကိုးပြီး တက် ရတဲ့အခါမှာ ခဲလုံးတွေက အမြင့်ကနေ ပြုတ်ကျတဲ့အခါဆို ပေါင်တွေကို လာရိုက်တယ်။ အညိုအမဲတွေ စွဲတယ်။ တစ်ကားလုံးဆို မိတ်ကပ်က မလိမ်းခဲ့ရဘူး။ ကားရိုက်ပြီးလို့ ဟိုတယ်ပြန်ရောက်ရင် တစ်ကိုယ်လုံး နာကျင် ပင်ပန်းနေကြတာ'' လို့ဆိုပါတယ်။
Photo: တည်ကြက်ဖေ့စ်ဘွတ်
ဒီရုပ်ရှင်ဇာတ်ကားထဲမှာ ချောကလျာရဲ့ သရုပ်ဆောင်မှုတွေကိုလည်း ရွှေသမီးက ချီးကျူးပြောဆိုခဲ့ပါတယ်။ ချောကလျာရဲ့ ကာရိုက်တာကို ပရိသတ်တွေကလည်း ပိုပြီးတော့ အားပေးကြတယ်လို့ ဆက်လက် ပြောပြထားပါတယ်။
'' သူပါတဲ့ ဇာတ်ဝင်ခန်းလေးတွေဆိုရင် ပရိသတ်က တော်တော်လေး သဘောကျတာကို တွေ့ရတယ်။ ကိုနေတိုးက အီတာတို့၊ ကြိတ် Crush နေတာလေး တွေပရိသတ်က သဘောကျကြတယ်။ ကိုယ်လည်း ကြည့်ပြီးတော့မှ သူ့ကာရိုက်တာလေးက တော်တော်လေး ချစ်စရာကောင်း တာ ကိုတွေ့တယ်'' လိ့ုသူကဆိုပါတယ်။
Photo: တည်ကြက်ဖေ့စ်ဘွတ်
ဒီရုပ်ရှင်ဇာတ်ကားထဲမှာ နေတိုးနဲ့ အတူ နေမျိုးအောင်၊ သင်ဇာဝင့်ကျော်၊ ရွှေသမီး၊ ယဉ်လက်၊ နန်းခင်ဇေယျာ၊ မေမြတ်နိုး၊ ကြယ်ဖြူရှင်းသန့်၊ ချောကလျာ နှင့် သရုပ်ဆောင်များစွာပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ)က ရိုက်ကူးထားတာ ဖြစ်ပြီး စက်တင်ဘာလ ၅ ရက်နေ့မှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။