အသင်းနည်းပြဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်က ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ တောဝက်ဘောလုံးအသင်းက ကလေးငယ်တွေ လှိုင်ဂူထဲ ဝင်သွားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကလေးတွေကို အသက်ရှင်အောင်အကောင်းဆုံးလမ်းညွှန်မှုပေးနိုင်ခဲ့တဲ့ 'ဝ'တိုင်းရင်းသား အေဒါဆာမွန်ကို ဗြိတိန်နိုင်ငံ မစ်ဒယ်ဘူရီကောလိပ် ကနေ ဂုဏ်ထူးဆောင်နိုင်ငံသားဆု ပေးအပ်လိုက်ပါတယ်။

Photo - PSB



အေဒါဆာမွန်ဟာ အသက် ၁၆ နှစ်ရှိပြီဖြစ်ပြီး မစ်ဒယ်ဘူရီကောလိပ်ရဲ့အင်္ဂလိပ်စာသင်ရိုးကိုတက်ရောက်နိုင်မှာဖြစ်တယ်လို့ ကောလိပ်ရဲ့ တာဝန်ရှိသူတွေကပြောတယ်လို့ The Nation သတင်းမှာ ဖော်ပြထားပါတယ်။

သူဟာ ၂၀၀၃ ခုနှစ်တုန်းက မြန်မာနိုင်ငံ 'ဝ' ဒေသမှာ မွေးဖွားခဲ့သူဖြစ်ပြီး သူ အသက် ၆ နှစ်အရွယ်မှာတော့ ချင်းရိုင်ခရိုင်က ဘုရားကျောင်းတစ်ခုက သင်းအုပ်ဆရာ ဇနီးမောင်နှံက ခေါ်ယူမွေးစားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သူဟာကျောင်းမှာ ပညာရေးထူးချွန်သူဖြစ်ပြီး မြန်မာ၊ ထိုင်း၊ အင်္ဂလိပ်နဲ့ တရုတ်ဘာသာတို့ကို ပြောနိုင်ပါတယ်။ ဒါ့အပြင်သူဟာ ဘောလုံးကစားနည်းမှာလည်း ထူးချွန်သူဖြစ်ပါတယ်။

သူဟာ ကလေးတွေနဲ့အတူ လှိုဏ်ဂူထဲမှာရှိနေခဲ့စဉ် အဖွဲ့ကို စိတ်ဓာတ်မပျက်ပြားစေအောင် စုစည်းပေးခဲ့တာ၊ ရေငုပ်သမားတွေ ဝင်ရောက်လာချိန်မှာ သူတတ်တဲ့ အင်္ဂလိပ်စာနဲ့ ပြန်လည်ပြောဆို ဆက်သွယ်နိုင်ခဲ့တာတွေကြောင့် အခုလို ဆုချီးမြှင့်ရတာဖြစ်တယ်လို့ ကောလိပ်ဥက္ကဌ လော်ရီပတ်တွန်က ပြောပါတယ်။

Share

Loading Next Article...
က္က