တောင်ကြီးမြို့ က ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် လိုင်းခန်းမှာဖြစ်ပွားခဲ့တဲ့ ၄ လောင်းပြိုင်လူသတ်မှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က အမှုမှန်ပေါ်ပေါက်ရေး ကိုကြိုးစားဆောင်ရွက်နေတယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ကသိရပါတယ်။
Photo - Nyan Min Tun
သေဆုံးသူတွေကတော့ ဒုအရာခံဗိုလ်အောင်ဆန်းဝင်း၊ တပ်ကြပ်ကြီး လွမ်းဝေအောင်၊ အရာခံဗိုလ် စိုးမိုးထွန်း ရဲ့ဇနီးဖြစ်ဒေါ်အိအိမိုး နဲ့ အရာခံဗိုလ် စိုးမိုးထွန်း ရဲ့ သမီးအသက် ၅နှစ်အရွယ် မမေဖြူရှင်းသန့် တို့ဖြစ်ကြတယ်လို့သိရပါတယ်။
သြဂုတ် ၂၀ ရက်နေ့ ညပိုင်းက တောင်ကြီးမြို့ ရွှေဘုန်းပွင့်ဘုရားအတက်လမ်း ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် ၃ တပ်ဆွယ် လိုင်းခန်းနေအိမ်မှာဖြစ်ပွားခဲ့တာလို့ ရဲတပ်ဖွဲ့ကသိရပါတယ်။
"ဖြစ်စဉ်ကို အသေးစိတ်စုံစမ်းပြီးတော့ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ အမှုမှန်ပေါ်ပေါက်အောင်ဆောင်ရွက်နေပါတယ်။"လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ရဲအရာရှိတစ်က Duwun ကိုပြောပါတယ်။
သေဆုံးသူတွေရဲ့ဆွေမျိုးတော်စပ်သူတစ်ဦးက အဲ့ဒီအကြောင်းအရာတွေကို ဖေ့ဘုတ်လူမှုကွန်ရက်မှာ တင်ထားခဲ့တာဖြစ်ပြီး သေဆုံးသူတွေဟာ ဓါးနဲ့ အချက်ပေါင်းများစွာ ထိုးသတ်ခဲ့တာဖြစ်တယ်လို့ ရေးထားပါတယ်။