အာဂန္တု (ဧည့်သည်)သံဃာနှစ်ပါးဖြစ်ပါတယ်။

တောင်ကြီးမြို့က ရွှေမုေဋ္ဌာဘုရားအတက် စောင်းတန်းမှာ သေဆုံးနေတဲ့ အာဂန္တု (ဧည့်သည်) သံဃာနှစ်ပါးရဲ့ အလောင်းတွေကို တွေ့ခဲ့တယ်လို့ တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

တောင်ကြီးမြို့ သစ်တောရပ်ကွက်၊ တက္ကသိုလ်မီးပွိုင့်နားက ရွှေမုေဋ္ဌာဘုရားအတက် စောင်းတန်းဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဦးခေါင်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ သံဃာတွေကို တွေ့ခဲ့ရတာပါ။ အသတ်ခံရတဲ့ သံဃာတော် နှစ်ပါးဟာ ဦးကဝိန္ဒနဲ့ ဦးသုဇာတတို့ဖြစ်ကြပြီး သူတို့ဟာအဲ့ဒီဘုရားစောင်းတန်းမှာ ရွက်ဖျင်တဲထိုး သီတင်းသုံးနေကြတဲ့ ဧည့်သည် သံဃာတွေဖြစ်ကြပြီး နေထိုင်ကြတာ လပိုင်းလောက်ရှိနေပြီလို့ တာဝန်ရှိသူက Duwun ကိုပြောပါတယ်။

"အဲ့နေ့ မနက်က အနီးအနားကျောင်းတိုက်က သံဃာ တစ်ပါးက ဆွမ်းခံကြွလာရင်း သေဆုံးနေတဲ့ အဲ့ဒီ သံဃာ ၂ပါးကိုတွေ့ခဲ့တာကြောင့် ရဲစခန်းကိုအကြောင်းကြာရာကနေ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။"လို့ တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိက Duwun ကိုပြောပါတယ်။

အဲ့ဒီ အမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် နယ်မြေရဲစခန်းက စစ်ဆေးနေပြီး တောင်ကြီးမြို့မရဲစခန်းမှာ (ပ)၃၆၂/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က