စက်တင်ဘာ ၃ ရက် မနက် ၁ နာရီဝန်းကျင်လောက်က ဖြစ်ပွားခဲ့တာပါ။

တောင်ဥက္ကလာပမြို့နယ် အမှတ် ၄ ရပ်ကွက်က One Stop Mart စတိုးဆိုင်မှာ ဒီနေ့ မနက် ၁ နာရီလောက်က ဓားထောက်ငွေလုယက်မှုဖြစ်ပွားခဲ့ပါတယ်။

 

အခင်းဖြစ်ပွားတဲ့ One Stop Mart ဆိုင်ကို တွေ့ရစဉ်

 

ဖြစ်စဉ်ကတော့ စက်တင်ဘာ ၃ ရက် မနက် ၁၂ နာရီ ၅၀ အချိန်လောက်က လူသုံးယောက် ဆိုင်ထဲကိုဝင်လာပြီး ကောင်တာငွေသိမ်းရာနေရာက ဝန်ထမ်းကို ဓားနဲ့ ထောက်ပြီး ငွေ ၇ သိန်းကျော် လုယူသွားခဲ့ပါတယ်။

လက်ရှိတော့ လုယက်သွားသူ ၃ ဦးထဲက ၁ ဦးကို ဖမ်းဆီးရမိပြီလို့ တောင်ဥက္ကလာပမြို့နယ်ရဲစခန်း ရဲအရာရှိတစ်ဦးက Duwun ကို ပြောပါတယ်။

 

ပြစ်မှုကျူးလွန်သူများ

 

“ အခုလောလောဆယ်တစ်ယောက်ပဲ ဖမ်းဆီးရမိတာရှိသေးတယ်။ နှစ်ယောက်ကိုတော့ စုံစမ်းဆဲ့ပါ” လို့ တောင်ဥက္ကလာရဲစခန်း ရဲအရာရှိက ဆိုပါတယ် ။

 

ဖမ်းဆီးရမိသူ ချီးပု (ခ) ဖိုးလပြည့်

 

ဖမ်းဆီးရမိသူမှာ တောင်ဥက္ကလာပမြို့နယ်အမှတ် ၅ ရပ်ကွက်မှာနေထိုင်တဲ့ ဆိုက်ကားသမား ချီးပု (ခ) ဖိုးလပြည့် လို့သိရပါတယ်။

ဓားထောက်လုယက်မှုကြောင့်တော့ ဆိုင်က ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရမှုတော့ မရှိဘူးလို့ သိရပါတယ်။

Share

Loading Next Article...
က္က