အလုပ်လက်မဲ့နှုန်းဟာ ဇူလိုင်လမှာ ၃.၈ ရာခိုင်နှုန်းရှိခဲ့ရာမှာ သြဂုတ်လမှာ ၄.၂ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လက်မဲ့နှုန်း ရှစ်နှစ်အတွင်း အမြင့်ဆုံးအဖြစ်သို့ ပြီးခဲ့တဲ့ သြဂုတ်လမှာ ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။ အလုပ်လက်မဲ့နှုန်းဟာ ဇူလိုင်လမှာ ၃.၈ ရာခိုင်နှုန်းရှိခဲ့ရာမှာ သြဂုတ်လမှာတော့ ၄.၂ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ပြီး ယမန်နှစ် ထိုကာလမှာထက် အလုပ်လက်မဲ့ဦးရေ ၁၃၄,၀၀၀ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

Photo: Reuters





အနည်းဆုံးလုပ်ခများကို အမိန့်ညွန်ကြားချက်ဖြင့် တိုးမြှင့်ခဲ့မှု၊ စီးပွားရေးမူဝါဒ အချည်းအနှီးဖြစ်မှုတွေ ပိုမိုဆိုးရွားလာခဲ့ခြင်းကြောင့် သမ္မတမွန်ဂျေအင်းကို ၎င်းအာဏာရလာပြီးနောက်ပိုင်း လူကြိက်များမှုနှုန်း အနိမ့်ဆုံး ဖြစ်လာစေခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ ဇူလိုင်လမှာ ၃.၈ ရာခိုင်နှုန်းရှိခဲ့ရာမှာ သြဂုတ်လမှာ ၄.၂ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ပြီး ယမန်နှစ် ထိုကာလမှာထက် အလုပ်လက်မဲ့ဦးရေ ၁၃၄,၀၀၀ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း (Photo: Republic of Korea Government)



ယခု အခြေအနေဟာ တောင်ကိုရီးယား အလုပ်အကိုင်ဈေးကွက်မှာ ၂၀၁၀ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း အဆိုးရွားဆုံး ဖြစ်လာခဲ့ပါတယ်။ ထိုစဉ်က ကမ္ဘာတစ်ဝှမ်း ဘဏ္ဍာရေးအကျပ်အတည်းကြုံပြီးနောက် တောင်ကိုရီးယားမှာ အလုပ်အကိုင်နေရာ ၁၀,၀၀၀ ဆုံးရှုံးခဲ့ကြရပါတယ်။

သြဂုတ်လအတွင်း တောင်ကိုရီးယားမှာ အလုပ်အကိုင်ရှိသူဦးရေ ၃,၀၀၀ မျှသာ မြင့်တက်လာခဲ့ပြီး ထိုအရေအတွက်ဟာလည်း ၂၀၁၀ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း အနည်းဆုံးဖြစ်လာခဲ့ပါတယ်။

တစ်လချင်းစီရဲ့ အလုပ်လက်မဲ့နှုန်း ပိုမိုဆိုးရွာလာခဲ့မှုကြောင့် သမ္မတမွန်ဂျေအင်းကို လူကြိုက်များမှုနှုန်းဟာလည်း ပထမဆုံးအကြိမ် အနိမ့်ဆုံးအဖြစ် ၅၀ ရာခိုင်နှုန်းအောက်သို့ စက်တင်ဘာ ၇ ရက်မှာ ရောက်ရှိသွားခဲ့ပါတယ်။

Graph: Trading Economics



ပြီးခဲ့တဲ့ သောကြာနေ့ (စက်တင်ဘာ ၇ ရက်) မှာ ထုတ်ပြန်ခဲ့တဲ့ Gallup Korea လူထုစစ်တမ်းအရ မွန်ဂျေအင်းကို လူကြိုက်များမှုနှုန်းဟာ ၄၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပြီး ၂၀၁၇ ခုနှစ် မေလမှာ သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း အနိမ့်ဆုံးအခြေအနေလည်း ဖြစ်လာခဲ့ပါတယ်။

"ဒီနှုန်းအရ စက်တင်ဘာလနဲ့ အောက်တိုဘာလမှာလည်း အလုပ်အကိုင်ရရှိသူဦးရေ တိုးမြင့်လာနိုင်ဖွယ် မရှိပါဘူး" လို့ Societe Generale ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီမှ စီးပွားရေးပညာရှင် အိုဆွတ်ခ်တေးက ပြောပါတယ်။

Photo: AFP



ဆယ်စုနှစ် နှစ်ခုနီးပါးအတွင်း အကြီးမားဆုံး မြင့်တက်မှုအဖြစ် အနိမ့်ဆုံးလုပ်ခကို ၁၆ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ခြင်းက လုပ်ငန်းရှင်တွေအတွက် ဝန်ထမ်းသစ်ခန့်ထားရန် အဟန့်အတား ဖြစ်စေခဲ့ကြောင်း တောင်ကိုရီးယားအစိုးရရဲ့ ပညာရှင်များအဖွဲ့ Korea Development Institute က ယုံကြည်ထားကြောင်းလည်း အိုဆွတ်ခ်တေးက ဆိုပါတယ်။

"သမ္မတက ဒီကိစ္စအတွက် တာဝန်ယူသင့်ပါတယ်၊ အနိမ့်ဆုံးလုပ်ခ တိုးမြှင့်တာနဲ့ပတ်သက်ပြီး အပြောင်းအလဲမလုပ်ရင် အခြေအနေက ဘာမှပြောင်းလဲနိုင်မှာ မဟုတ်ဘူး" လို့ အိုဆွတ်ခ်တေးက သုံးသပ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က