ကိုယ်ပိုင်အိမ်နဲ့ နေတာပါ။
တောင်းစားနေရတယ်ဆိုတဲ့ ဦးတိုင်းကျော်ဆိုသူဟာ တစ်ခေတ်တစ်ခါက နာမည်ကြီးလူရွှင်တော်ကြီးဦးတိုင်းကျော် မဟုတ်ဘူးလို့ မန္တလေးတိုင်းဒေသကြီးသဘင်အစည်းအရုံးမှ တာဝန်ရှိသူတွေက ပြောပါတယ်။

(မန္တလေးတိုင်းဒေသကြီးသဘင် အစည်းအရုံးက သွားရောက်စုံစမ်းစဉ်)

န္တလေးမြို့မှ လူရွှင်တော်ကြီးတစ်ဦး လမ်းဘေးမှာတောင်းစားနေရတယ်လို့ ဆိုရှယ်မီဒီယာပေါ် ဓာတ်ပုံနဲ့တစ်ကွ သတင်းပျံ့နှံ့နေခဲ့တာပါ။ အဲဒါကြောင့် မန္တလေးတိုင်းဒေသကြီး သဘင်အစည်းအရုံးက အဲဆိုပါ လူရွှင်တော်ကြီးရဲ့နေအိမ်ကို လိုက်ရှာပြီး ဒီကနေ့ မတ်လ ၁၅ ရက်နေ့မှာ ရောက်ရှိသွားခဲ့ပါတယ်။



"အခု ကျွန်တော်တို့ သူ့အိမ်သွားကြည့်တဲ့ အခါ ပေ ၄၀ ပေ ၆၀ နဲ့ ကိုယ်ပိုင်အိမ်နဲ့နေတဲ့သူ ဖြစ်ပါတယ်။ မြေတောင် ငှားစားထားပါတယ်။ ဒီလောက်အဆင်ပြေနေပါရဲ့နဲ့ ဒီလို ခွက်ကိုင်တောင်းစားတာဟာ သဘင်အနုပညာလောကကို စော်ကားတာဖြစ်ပါတယ်" လို့ မန္တလေးတိုင်းဒေသကြီး သဘင်အစည်းအရုံး အတွင်းရေးမှူး ဦးပေါက်ကျိုင်း က Duwun ကို ပြောပါတယ်။

အဆိုပါ ေတာင်းစားနေသူဟာလည်း ဦးတိုင်းကျော်အမည်နဲ့ လူရွင်တော်အဖြစ် လုပ်ခဲ့ဖူးသူပဲ ဖြစ်ပေမဲ့ အသက် ၇၅ နှစ်မပြည့်သေးတဲ့အတွက် အထောက်အပံ့မပေးသေးဘူးလို့ မန္တလေးတိုင်းဒေသကြီး သဘင်အစည်းအရုံးက ဆုံးဖြတ်ထားပါတယ်။

"ြပည်သူချစ်သော၊ အငြိမ့်လောကက သိခဲ့သော ဦးတိုင်းကျော်ဆိုတာ ဆုံးပါးသွားပြီဖြစ်ပါတယ်။ သူက အဲဒီ ဦးတိုင်းကျော် မဟုတ်ပါဘူး"လို့ မန္တလေးတိုင်းဒေသကြီး သဘင်လူမှုကူညီစောင့်ရှောက်ရေး အတွင်းရေးမှူးဦးသောင်းထွန်းက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က