မန္တလေးက အထင်ကရဖြစ်တဲ့ တောင်သမန်ဘိုးဘိုးကြီး နတ်ပွဲပြုလုပ်နေစဉ်မှာ လူအုပ်စုတွေရန်ဖြစ်တာကြောင် လူ ၇ ယောက်လောက်ဆေးရုံကို အရေးပေါ်နဲ့ ပို့လိုက်ရတယ်လို့ အဲ့ဒီပွဲနားမှာရှိတဲ့ မျက်မြင်သက်သေတွေကပြောပါတယ်။
Photo - ဓါတ်ပုံ-အမရပူရသားများဆုံဆည်းရာဂရု
တောင်သမန်အင်းထဲမှာစက်တင်ဘာ ၂၇ ရက်နေ့က ကျင်းပပြုလုပ်နေတဲ့ တောင်သမန်ဘိုးဘိုးကြီး နတ်ပွဲမှာနတ်ရုပ်တွေတင်ဆောင်လာတဲ့ ဝေါယာဉ်ကို ဝိုင်းလုကြရင်းနဲ့ ခုလိုရန်ဖြစ်ပြီးဆေးရုံရောက်ကုန်တာဖြစ်တယ်လို့ အဲ့ဒီဒေသခံက Duwun ကို စက်တင်ဘာ ၂၇ ရက်နေ့မှာပြောပါတယ်။
Photo- ဓါတ်ပုံ-အမရပူရသားများဆုံဆည်းရာဂရု
နှစ်စဉ်နှစ်တိုင်းကျင်းပနေကြဖြစ်တဲ့ ချိုးတော်ရေသုံးတဲ့နေ့မှာ ခုလိုရန်ဖြစ်တာကြောင့် အကုန်ဖရိုဖရဲဖြစ်ပြီး လှေမှောက်တာတွေဖြစ်ပြီး နတ်ဝင်သည်တွေ ရေထဲပြုတ်ကျပြီး ရေနစ်တာတွေ၊ ရန်ဖြစ်တာတွေကြောင့် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိသတင်းတွေအရ မန္တလေးဆေးရုံမှာ ၄ ယောက်နဲ့ အမရပူရ ဆေးရုံမှာ ၃ ယောက်ပို့ဆောင်ကုသထားရပြီး နတ်ဝင်သည်တွေလည်းပါတယ်လို့ ဆိုပါတယ်။