နဂိုတည်းက နိမ့်နေတာပါ။

တောင်နဝင်းဆည်ကြီးကျိုးသွားတယ်ဆိုတဲ့ ကောလာဟလေတွကြောင့် အနီးအနားရွာတွေမှာ နေထိုင်ကြသူများ ထိတ်လန့်ပြီး ထွက်ပြေးတာတွေ ဖြစ်ခဲ့တယ်လို့ ပေါက်ခေါင်းဒေသခံတွေဆီကနေ သိရပါတယ်။

Photo - Hein Htet

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ထဲမှာရှိတဲ့ တောင်နဝင်းဆည်ကြီးဟာ ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက်ပိုင်းက တာကျိုးသွားတယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ပျံ့နှံ့နေတဲ့အတွက်ကြောင့် ဒေသခံတွေက စိုးရိမ်နေကြတာပါ။

"ရွာဖက်တွေမှာတော့ ဆည်ကြီးကျိုးသွားပြီဆိုပြီး ရေလွတ်မယ်ထင်တဲ့ဖက်တွေ တက်ပြေးကြတာပဲ။ ခုတော့ ကောလာဟလမှန်းသိသွားလို့ တချို့လည်း ပြန်လာနေကြပါတယ်။"လို့ ပေါက်ခေါင်းဒေသခံ ကိုမျိုးကျော် က Duwun ကိုပြောပါတယ်။

Photo - Myanmar Alinn

ဇန်နဝါရီလထဲမှာတုန်းကလည်း တာင်နဝင်းဆည်ကြီးရဲ့ဘောင်မှာ ပတ်ကြားအက်တွေနဲ့ ဆည်နိမ့်လာတာ ပိုဆိုးတာကြောင့် ဆည်အောက်ဖက်နဲ့ အနီးအနားမှာနေထိုင်တဲ့ ကျေးရွာတွေက ပြောင်းရွေ့ခဲ့တာတွေရှိပါတယ်။

အဲ့ဒီတုန်းကတော့ တောင်နဝင်းဆည်ကို ဆည်မြောင်းဦးစီးဌာနက တာဝန်ရှိသူတွေက လာရောက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး မစိုးရရပါဘူးဆိုပြီး ဒေသခံတွေကို ရှင်းပြတာတွေပြုလုပ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က