လင်းယုန်စီမံချက်နဲ့ ပိတ်ဆို့ရှာဖွေစစ်ဆေးစဉ် ဖမ်းမိခဲ့တာပါ။

တောင်တွင်းကြီးမြို့ တောင်တွင်း-မကွေးကားလမ်းပေါ်မှာ ဆိုင်ကယ်တူးဘောက်အတွင်းက လေးခွနဲ့ လောက်စာလုံးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

 

 

မှုခင်းလျော့နည်းကျဆင်းရေးအတွက် လင်းယုန်စီမံချက်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ အရံမီးသတ်တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၄ ရက်နေ့မှာ တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၁)ရပ်ကွက်၊ တောင်တွင်း-မကွေး ကားလမ်း ပေါ်မှာ ပိတ်ဆို့ရှာဖွေစစ်ဆေးစဉ် ဖမ်းဆီးရမိခဲ့တာပါ။

ရှာဖွေစစ်ဆေးရာမှာ တောင်တွင်းကြီးမြို့နယ် ကံလှကျေးရွာနေ သိန်းထိုက်ဇော်ဆိုသူ မောင်းနှင်လာတဲ့ ဆိုင်ကယ်တူးဘောက်အတွင်းမှာ ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ လေးခွ (၁) လက်နဲ့ လောက်စာလုံး (၁၀) လုံးတို့ကို တွေ့ရှိရပြီး ပုဂံကုန်းကျေးရွာနေ ဖိုးထောလင်းမောင်းနှင်လာတဲ့ ဆိုင်ကယ်တူးဘောက်အတွင်းမှာ လေးခွ (၁) လက်နဲ့ လောက်စာလုံး (၈) လုံးတို့ကို တွေ့ရှိ ဖမ်းဆီးမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

 

လေးခွ လောက်စာလုံး သယ်ဆောင်လာသူ နှစ်ဦးကို အရေးယူပေးဖို့ တောင်တွင်းကြီးမြို့နယ် တရားရုံးကို တရားစွဲတင်ပို့ခဲ့တယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က