ဘယ်လ်ဂျီယံလိဂ်ကို ရောက်ရှိဖို့ နီးစပ်နေတာပါ။

လေးနှစ်စာချုပ်နဲ့ ကလပ်ဘရုဂ်က ကမ်းလှမ်းခဲ့တာဖြစ်ပြီး စပါးမှာပုံမှန်နေရာပျောက်ဆုံးနေတဲ့ ကင်ညာကွင်းလယ်လူကလည်း အသင်းပြောင်းရွှေ့ချင်နေပါတယ်။


တော့တင်ဟမ်အသင်းကွင်းလယ်လူဗစ်တာဝမ်ယာမာဟာ ကလပ်ဘရုဂ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ ဘယ်လ်ဂျီယံကလပ်က ဝမ်ယာမာကို ပေါင် ၁၃.၆သန်းပေးချေပြီး ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပြီး တော့တင်ဟမ်ကလည်း ရောင်းချသွားဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။

လေးနှစ်စာချုပ်နဲ့ ကလပ်ဘရုဂ်က ကမ်းလှမ်းခဲ့တာဖြစ်ပြီး စပါးမှာပုံမှန်နေရာပျောက်ဆုံးနေတဲ့ ကင်ညာကွင်းလယ်လူကလည်း အသင်းပြောင်းရွှေ့ချင်နေပါတယ်။ စပါးက ဝမ်ယာမာကို အပြီးသတ်ရောင်းချသွားဖို့ပဲ ဆန္ဒရှိနေပြီး အငှားနဲ့ကမ်းလှမ်းမှုမျိုးကို ငြင်းဆန်သွားမှာလည်း ဖြစ်တယ်လို့ အင်္ဂလန်သတင်းဌာနက ထပ်မံဖော်ပြခဲ့ပါတယ်။

အသက် ၂၈နှစ်အရွယ် ကွင်းလယ်လူဟာ ၂၀၁၆ မှာ ဆောက်သမ်တန်ကနေ တော့တင်ဟမ်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၉၃ပွဲ ကစားပေးခဲ့ပြီး ၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံသားဖြစ်ခွင့် လျှောက်ထားမှု အောင်မြင်ခဲ့ပြီးဖြစ်တဲ့ ဝမ်ယာမာဟာ ဘယ်လ်ဂျီယံလိဂ်မှာ ကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ပိုချက်တီနိုနဲ့ ဆက်ဆံရေးအဆင်မပြေမှုတွေ ရှိနေခဲ့သလို အသင်းကွင်းလယ်ပိုင်းအတွက် အန်ဒွန်ဘီလီပါ ရောက်လာခဲ့ပြီးနောက် ဝမ်ယာမာက နေရာပျောက်ဆုံးခဲ့တာလည်းဖြစ်ပါတယ်။ ကွင်းလယ်ခံစစ်အားသန်ကစားသမားဟာ ပရီးမီးယားလိဂ်မှာ နာမည်ကောင်းရရှိခဲ့တဲ့ ကစားသမားအဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။

စပါးကစားသမားဘ၀ ပထမဆုံးရာသီမှာ ၃၆ ပွဲအထိ ဝမ်ယာမာက ကစားပေးခဲ့ရပြီး အဓိကကစားသမားဖြစ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ရာသီမှာတော့ ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ၂ရာသီအတွင်းမှာ ၃၁ပွဲသာ ကစားခဲ့ရပြီး ပွဲပေါင်း ၁၂ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ်နဲ့ ပါဝင်ခွင့်ရရှိခဲ့ကာ အဆုံးသတ်မှာ အသင်းကထွက်ခွာရဖို့ နီးစပ်လာခဲ့တာဖြစ်ပါတယ်။

Share

က္က