ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ထားပါတယ်။

တောင်ငူမြို့နယ် ကေတုမတီမှာဖြစ်ပွားခဲ့တဲ့ ၂ လောင်းပြိုင်လူသတ်မှုနဲ့ပတ်သက်ပြီး တရာခံတွေကို စီအိုင်ဒီကနေ လက်လွဲရယူပြီး စုံစမ်းစစ်ဆေးနေတယ်လို့ တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။



Photo - ရဲဇာနည်

"စီအိုင်ဒီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပါတယ်။" လို့ တောင်ငူမြို့နယ်ရဲ့တပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူ ရဲအရာရှိက Duwun ကိုပြောပါတယ်။ ကေတုမတီမြို့သစ်မှာ နေထိုင်တဲ့ ရဲဝင်းဆိုသူဆီကနေ မြေဝယ်ထားတာကြောင့် မြေပိုင်ရှင်တွေဖြစ်တဲ့ ဦးစိုးသန်းလင်း ရဲ့ဇနီးနဲ့ သမီးတို့ဟာ ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက်ပိုင်းက မြေဂရန်တောင်းယူရာကနေ စတင်ဖြစ်ပွားခဲ့ပါတယ်။

မြေဂရန်တောင်းယူရင် အခြေအတင် စကားများရာကနေ ရဲဝင်း နဲ့ သူရဲ့ ဖခင် ကြည်တိုးဆိုသူက ဦးစိုးသန်းလင်းကို ဓါတ်တိုင်ကြွေသီးနဲ့ မသေမချင်းထုသတ်ခဲ့သလို သူ့ရဲ့ ဇနီးဒေါ်ချောစုစုလင်းကို လည်း လူအများနဲ့ သမီးဖြစ်သူရဲ့ရှေ့မှာ သတ်ခဲ့ကြတာဖြစ်ပါတယ်။ သေဆုံးသူတွေဟာ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပုသိမ်လမ်းမှာနေထိုင်းသူတွေဖြစ်ကြပြီး သူတို့အသတ်ခံရစဉ်မှာ သမီးဖြစ်သူက အကူအညီတောင်းပြီး ရပ်တန့်ဖို့ကြိုးစားခဲ့ပေမယ့် သမီးဖြစ်သူကိုပါ တိုက်ခိုက်ခဲ့တာကြောင့် ထွက်ပြေးပြီး ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။

အဆိုပါအမှုနဲ့ပတ်သက်ပြီး ကေတုမတီမြို့သစ်ရဲစခန်းမှာ ပြစ်မှုကျူးလွန်သူလို့ ယူဆရတဲ့ ရဲဝင်းနဲ့ ကြည်တိုးတို့ သားအဖကို (ပ) ၂၉/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၅/၁၁၄ တို့နဲ့ အမှုဖွင့်ပြီး တရားခံဖမ်းဆီးရရေးအတွက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က