ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အမိန့်ညွန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ရာထူးအတွက် ရွေးကောက်ပွဲဝင်ရန် တော်ဝင်မင်းသမီး ဥဘောလ်ရတနာ ရာဇကညာကို ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခဲ့တဲ့ အတိုက်အခံပါတီ ဖျက်သိမ်းရန် ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အမိန့်ညွန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

(Thai Raksa Chart ပါတီ ဦးဆောင်သူများ) (Photo: AP)

မင်းသမီးရာဇကညာကို ရွေးကောက်ပွဲဝင်ရန် အမည်စာရင်းတင်သွင်းခဲ့တဲ့ Thai Raksa Chart ပါတီ ဖျက်သိမ်းရန် ခုံရုံးက ယနေ့ (မတ်လ ၇ ရက်) အမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ Thai Raksa Chart ပါတီက မင်းသမီးရာဇကညာကို ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအဖြစ် အမည်တင်သွင်းမှုဟာ တော်ဝင်မိသားစုက နိုင်ငံရေးမှာ ကြားနေရေးမူဝါဒကို ခြိမ်းခြောက်ရာရောက်ကြောင်း အခြေခံဥပဒေဆိုင်ရာခုံရုံးက ပြောခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းကလည်း အစ်မတော်ဖြစ်သူကို ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်းအဖြစ် အမည်တင်သွင်းမှုဟာ မသင့်လျော်ကြောင်းနဲ့ အခြေခံဥပဒေနဲ့မကိုက်ညီကြောင်း ပြောထားခဲ့ပါတယ်။

(ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်း) (Photo: Reuters)

"တော်ဝင်မိသားစုရဲ့ အရေးပါတဲ့ မိသားစုဝင်တစ်ယောက်က မည်သည့်နည်းဖြင့်မဆို နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုဟာ နိုင်ငံရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာ၊ ယဉ်ကျေးမှုတို့နဲ့ ကွဲလွဲတဲ့လုပ်ဆောင်မှုတစ်ခု ဖြစ်တာကြောင့် အလွန့်အလွန် မသင့်လျော်ဘူးလို့ ထင်မြင်ယူဆရတယ်" လို့ ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်းက ပြောပါတယ်။ 

အသက် ၆၇ နှစ်အရွယ် တော်ဝင်မင်းသမီး ရာဇကညာကွယ်လွန်သူ ထိုင်းဘုရင်ဘူမီဘောနဲ့ မိဖုရားသီရိခေတ်တို့ရဲ့ သားသမီးများအနက် အကြီးဆုံးဖြစ်ပြီး ၁၉၅၁ ခုနှစ် ဧပြီလ ၅ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ ရာဇကညာမှာ မွေးချင်းသုံးဦးရှိပြီး ထိုင်းဘုရင် ဗာဂျီယာလောင်ကွန်း၊ တောင်ဝင်မင်းသမီး မဟာချက်ကရီသီရိဒုံနဲ့ တော်ဝင်မင်းသမီး ချူလက်ဘ်ဟွန်းတို့ ဖြစ်ကြပါတယ်။

(ထိုင်းတော်ဝင်မင်းသမီး ရာဇကညာ) (Photo: AFP)

Thai Raksa Chart ပါတီကို ၂၀၀၆ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခံခဲ့ရပြီးနောက် ပြည်ပြေးအဖြစ် နိုင်ငံရပ်ခြားမှာ နေထိုင်လျက်ရှိသူ ဝန်ကြီးချုပ်ဟောင်းသက်ဆင်က အားပေးထောက်ခံထားကြောင်းလည်း သိရပါတယ်။ Thai Raksa Chart ပါတီ ဖျက်သိမ်းရမှုက သက်ဆင်ကိုထောက်ခံသူအတွက် ယခုလနှောင်းပိုင်း အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိရန် ပိုမိုခက်ခဲသွားစေတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

(စစ်အာဏာသိမ်းခေါင်းဆောင်နဲ့ လက်ရှိဝန်ကြီးချုပ် ပရာယွတ်) (Photo: Bangkok Post)

ထိုင်းနိုင်ငံမှာ စစ်တပ်က ၂၀၁၄ ခုနှစ်အတွင်း အာဏာသိမ်းခဲ့ပြီး သက်ဆင်ရဲ့ညီမ ဝန်ကြီးချုပ်ယင်လတ် ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပါတယ်။ ထိုစဉ်ကတည်းက စစ်တပ်အစိုးရက အုပ်ချုပ်နေခဲ့တာဖြစ်ပြီး ဒီမိုကရေစီနည်လမ်းအရ ရွေးကောက်ပွဲပြုလုပ်ရန်လည်း အကြိမ်ကြိမ် ရွှေ့ဆိုင်းမှုတွေရှိခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ယင်လတ်ဟာလည်း နိုင်ငံရပ်ခြားမှာ လက်ရှိ နေထိုင်လျက်ရှိပါတယ်။


လာမယ့် မတ်လ ၂၄ ရက် ထိုင်းရွေးကောက်ပွဲဟာ ၂၀၁၄ ခုနှစ်မှာ အရပ်သားအစိုးရကို စစ်တပ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အထွေထွေရွေးကောက်ပွဲလည်း ဖြစ်လာပါတယ်။ ေရွးကောက်ပွဲမှာ ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းခေါင်းဆောင်နဲ့ ယခုလက်ရှိ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာကလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က