တစ်ယောက်တည်းခံစား၊ တစ်ယောက်တည်း အားပေးခဲ့ရတယ်။

ဇေရဲထက် က ခက်ခဲဆင်းရဲမှုတွေ ကြားက ရုန်းကန်ခဲ့ရတဲ့ သူ့ရဲ့ ဘဝအကြောင်းကို Duwun Media ကနေ ရင်ဖွင့်ပြောပြလာပါတယ်. အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ဖို့ အတွက်ကိုလည်း တစ်ယောက်တည်းကြိုးစားလာခဲ့ရတယ်လို့ ဆိုပါတယ်.

Photo: ဇေရဲထက်



ဇေရဲထက်ဟာ အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက်မဖြစ်ခင်က ဆင်းရဲပင်ပန်းခဲ့ရတဲ့ သူ့ရဲ့ အခက်အခဲတွေကို အခုလို ပြောပြလာပါတယ်. ဒီလို အခက်အခဲတွေ ကြားက ဖြတ်သန်းခဲ့ရတဲ့ သူ့ရဲ့ ခံယူချက်တွေကို Duwun Media ကနေပြောပြခဲ့ပါတယ်.

'' ကျွန်တော် ရေပုံး တစ်ပုံး ဆွဲနိုင်ပြီ ဆိုကတည်းက အလုပ်လုပ်ခဲ့ရတာလေ. ကျွန်တော့် ခံယူချက်က သူများခံယူချက်နဲ့ တူချင်မှ တူမှာ ကျွန်တော် သရုပ်ဆောင် တစ်ယောက်သာ ဖြစ်သာဖြစ်သွားတာ ကျွန်တော့်ရဲ့ ခံယူချက်က ကျွန်တော်သည် သာမန်လူတစ်ယောက်ပဲ. ဒါပေမယ့် ကျွန်တော်တို့ သရုပ်ဆောင်တွေက ကံ ၅ ပါးတော့ မလုံဘူးပေါ့နော်. ဒါပေမယ့် ကံ ၄ ပါးတော့ လုံအောင် လုပ်တယ်'' လို့ သူကဆိုပါတယ်.

Photo: ဇေရဲထက်

သရုပ်ဆောင် ဇေရဲထက်က နယ်ကနေ ရန်ကုန်ကို စရောက်လာကတည်းက တစ်ယောက်တည်း ရုန်းကန်လှုပ်ရှားရင်း အလုပ်ကြိုးစားခဲ့ရတဲ့ အကြောင်းကို စိတ်မကောင်းစွာနဲ့ ပြောပြလာပါတယ်. ဒီလို သရုပ်ဆောင် တစ်ယောက်ဖြစ်လာဖို့ကလည်း မိဘတွေရဲ့ ထောက်ပံ့မှုမရခဲ့သလို မိဘတွေကလည်း ချမ်းသာတဲ့ အသိုင်းအဝိုင်းက မဟုတ်ဘူးလို့ သူ့ရဲ့ မွေးနေ့ ပွဲမှာ ဖြေဆိုခဲ့တာပါ.

'' ကျွန်တော် ရန်ကုန် စရောက်လာကတည်းက မိဘတွေ ထောက်ပံ့ပေးမှု သိပ်မရှိဘူး. ထောက်ပံ့ပေးနိုင်စွမ်းလည်း မရှိဘူး. ကျွန်တော့် မိဘတွေက ချမ်းချမ်းသာသာထဲက မဟုတ်ဘူး. သာမန်လူတွေဖြစ်တဲ့အတွက် ကျွန်တော် ဝါသနာပါတဲ့ အလုပ်ကို လုပ်တယ်. အခုဆိုရင် ပိုပြီး မြင့်မားတဲ့ ဘဝကို ရောက်ခဲ့ရတယ်. ဘာကြောင့်လဲဆိုတော့ အခုချိန်ထိ သူများအပေါ် မတရားတာ ဘာမှ မလုပ်ခဲ့ဘူး. ကိုယ်တတ်နိုင်သလောက်လှူတယ်. ကျွေးတယ်. အဲ့ဒီစိတ်တွေနဲ့ပဲ နေခဲ့တယ်'' လို့ ဆိုပါတယ်.

Photo: ဇေရဲထက်

ဇေရဲထက် ကိုတော့ သရုပ်ဆောင် တစ်ယောက် စဖြစ်ကတည်းက ဝေဖန်တိုက်ခိုက်ကြတဲ့ ပရိသတ်တွေ ရှိခဲ့ဖူးပါတယ်. ဒီလို အခြေအနေမျိုးမှာလည်း စိတ်ဓာတ်ကျခဲ့ရတာတွေရှိပေမယ့် ကိုယ်ကိုယ်တိုင်ပဲ ဖြေသိမ့်အားပေး ခဲ့ရတဲ့ အခိုက်အတန့်တွေကို ဝမ်းနည်းကြေကွဲရင်း ဆက်လက် ပြောပြလာပါသေးတယ်.

'' တခြားမင်းသားတွေ. သရုပ်ဆောင်တွေ အကုန်လုံးမှာ အမေက ကာကွယ်ပေးတဲ့လူနဲ့ အဖေက ပြုစုပျိုးထောင်ပေးတဲ့လူနဲ့ အများကြီးတွေ့တယ်ပေါ့. ကျွန်တော့်မှာကျတော့ နီးနီးကပ်ကပ် ဘယ်သူမှ စောင့်ရှောက်ခွင့်မရှိဘူး. ကိုယ်တစ်ယောက်တည်းပဲ ရုန်းကန်ရတာဆိုတော့ တစ်ခါတလေကျရင် စိတ်ခံစားချက်တွေ များလာတဲ့အခါ ကိုယ်တစ်ယောက်တည်းပဲ နှစ်သိမ့်ရတယ်. အဲ့ဒီအချိန်ဆို မိဘတွေကို အရမ်းသတိရတယ်'' လို့ ဇေရဲထက်က ဖြေဆိုခဲ့တာပါ.

Photo: ဇေရဲထက်

ဇေရဲထက်က အခုဆိုရင် ပြည်သူချစ် သရုပ်ဆောင်. မင်းသား တစ်ယောက်ဖြစ်လို့နေပါပြီ. သူ့ကိုတော့ ဗီဒီယိုဇာတ်ကား. တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင် သိရှိလာခဲ့တာဖြစ်ပါတယ်. အခုလက်ရှိမှာတော့ ဗီဒီယိုဇာတ်ကားတွေသာ မက ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက် ရိုက်ကူးနေရတာ ကို တွေ့ရပါတယ်. အဲ့ဒီနောက် သူစိတ်ကူးယဉ်ခဲ့ဖူးတဲ့ အိမ်လေးတစ်လုံးကိုလည်း ပိုင်ဆိုင်ထားနိုင်ပြီဖြစ်ပါတယ်.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က