ဘယ်လိုသီချင်းမျိုး ဖြစ်မလဲ။
ဖြိုးမြတ်အောင်က တေးရေးဆရာဝေကြီးနဲ့ ပေါင်းပြီး သီချင်းသစ်တစ်ပုဒ် ဖန်တီးနေတယ်လို့ သိရပါတယ်။ အဲဒီ သီချင်းလေးကိုလည်း မကြာခင် နားဆင်ရတော့မှာပါတဲ့။

Photo : ဖြိုးမြတ်အောင်

လူငယ်တေးရေးဆရာတစ်ယောက်ဖြစ်ပြီး သူရေးတဲ့သီချင်းတိုင်းဟာ ပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူကျပြီး အောင်မြင်မှု ရရှိနေတဲ့ တေးရေး ဝေကြီးနဲ့အတူ ဖြိုးမြတ်အောင်က သီချင်းအသစ်တစ်ပုဒ် ဖန်တီးနေတာပါ။ အဲဒီသီချင်းလေးကိုလည်း မကြာခင် မှာ ပရိသတ်တွေ နားဆင်ရတော့မှာပါလို့ ဖြိုးမြတ်အောင်က ဆိုပါတယ်။

တေးရေး ကိုဝေကြီး နဲ့ကျွန်တော် တို့ ဖန်တီးထားတဲ့ နောက်ထပ် သီချင်း အသစ်ကလေး မကြာခင် နားဆင်ရတော့မှာပါ  မကြာမှီ လာမည် မျှော်.” ဆိုပြီး ဇွန်လ(၉) ရက်နေ့က ညက ရေးသားထားတာတွေ့ရပါတယ်။

Photo : ဖြိုးမြတ်အောင်

အမိုက်စား သီချင်းတွေကို ဖန်တီးတတ်တဲ့ တေးရေးဝေကြီးနဲ့ အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေကို ခံစားချက် အပြည့်နဲ့ သီဆိုတတ်တဲ့ ဖြိုးမြတ်အောင်တို့ရဲ့ ဖန်တီးမှုက ဘယ်လိုဖြစ်လာမလဲ ဆိုတာ ပရိသတ်တွေ စိတ်ဝင်စားလို့ နေကြပါတယ်။ သူတို့နှစ်ဦး ဖန်တီးထားတဲ့ သီချင်းသစ်ကို အမြန်ဆုံး နားဆင်ချင်ကြောင်း ပရိသတ်တွေက ပြန်ပြောထားကြတာလည်း တွေ့ရပါတယ်။

Photo : ဖြိုးမြတ်အောင်

အနုပညာအလုပ်အပြင် ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်တဲ့ ဖြိုးမြတ်အောင်က ဘာသာရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးကတည်းက ဘာသာရေးနဲ့ ပတ်သက်ပြီး အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိတဲ့ ဖြိုးမြတ်အောင်ဟာ အလုုပ်တွေ ရှုပ်နေတဲ့ အချိန်မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

ဖြိုးမြတ်အောင်ကိုတော့ Myanmar Idol Season 3 Winner တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဂီတခြေလှမ်းတွေကို အသေးစိတ် မြင်တွေ့လာရတာဖြစ်ပါတယ်။ Myanmar Idol က နေရရှိလာတဲ့ ဆုငွေတွေကိုလည်း ဖြိုးမြတ်အောင်က အလှူအတန်းတွေ အဆက်မပြတ် လုပ်ခဲ့တာကို တွေ့ရပါတယ်။

Share

Loading Next Article...
က္က