မြန်မာကျပ်ငွေ ၁,၁၉၉,ဝဝဝ ကျပ်နဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
 

မြန်မာပြည်မိုဘိုင်းဈေးကွက်အတွက် OPPO က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ Global Launch အဖြစ်မိတ်ဆက်ပေးခဲ့တဲ့ Find X စမတ်ဖုန်းသစ်ကို သိပ်မကြာခင်ကာလမှာ ရောင်းချပေးသွားတော့မှာဖြစ်ပြီး မြန်မာကျပ်ငွေ ၁,၁၉၉,ဝဝဝ ကျပ်နဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အရောင်ရွေးချယ်မှုအနေနဲ့က Bordeaux Red နဲ့ Glacier Blue ၂မျိုးကို Global Market အတိုင်းရွေးချယ်နိုင်ဦးမှာဖြစ်ပါတယ်။



OPPO Find X ဟာ ခေတ်ရှေ့ပြေမျက်နှာပြင်ဒီဇိုင်းနဲ့ထုတ်လုပ်ထားတဲ့ မြင်ကွင်းကျယ်ကွေးညွတ်မျက်နှာပြင်အ မျိုးအစားဖြစ်ပြီး မျက်နှာပြင်အရွယ်အစားက ၆.၄ လက်မရှိမှာဖြစ်ပါတယ်။ FullHD+ (19.5:9) အချိုးအစားရှိ AMOLED Display အမျိုးအစားကြောင့် တောက်ပစိုပြေတဲ့ရုပ်ထွက်အရည်အသွေးကို ခံစားရမည့်အပြင် ကွယ်မြှုပ်ထားတဲ့ 3D ကင်မရာစနစ်တွေကြောင့်လည်း ဖုန်း၏ရှေ့နောက်ဒီဇိုင်းသွင်းပြင်က ညီညွတ်မျှတဆွဲဆောင်မှုရှိတဲ့အသွင်းမျိုးကို ထိတွေ့အသုံးပြုရမှာဖြစ်ပါတယ်။ မျက်နှာပြင် ကိုယ်ထည်အချိုးအစားက 93.8 ရာခိုင်နှုန်းအထိရှိလို့ မျက်နှာပြင်အကျယ်ပြန့် ဆုံးဖုန်းအဖြစ်ပါရပ်တည်ထားပါတယ်။

OPPO Find X ရဲ့ ကင်မရာစနစ်တစ်ခုလုံးက Slide Mechanism ကိုအခြေခံထားတဲ့အတွက် ပုံမှန်အသုံးပြုချိန်မှာ ရှေ့နောက်ကင်မရာတွေအားလုံးက ဖုန်းထိပ်ပိုင်းကိုယ်ထည်အတွင်းပိုင်းမှာပဲရှိနေမှာဖြစ်ပြီး ဒါက မိုဘိုင်းလောကအတွက် OPPO ကပထမဆုံးမိတ်ဆက်ပေးလိုက်တဲ့ ရှေ့ပြေဒီဇိုင်းတစ်ခုလည်းဖြစ်ပါတယ်။ ရှေ့ဘက်ကင်မ ရာက အဆင့်မြှင့်ထားတဲ့ AI နည်းပညာသုံး 25MP အရည်အသွေးရှိပြီး နောက်ဘက်ကင်မရာတွေကတော့ 16MP နဲ့ 20MP ၂လုံးကိုကောင်းမွန်တဲ့ ဓာတ်ပုံဆိုင်ရာ လုပ်ဆောင်မှုတွေအတွက် ပေါင်းစပ်ပေးထားတာဖြစ်ပါတယ်။ ဖုန်းကို unlock လုပ်ဖို့အတွက် 3D Face Recognition စနစ်နဲ့ လုံခြုံစိတ်ချမြန်ဆန်စွာနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

OPPO ရဲ့ကိုယ်ပိုင်အားအမြန်သွင်းနည်းပညာဖြစ်တဲ့ VOOC Flash Charge ပါဝင်ဖြစ်ပြီး ၅မိနစ်အားသွင်းလိုက်ရုံနဲ့တင် ၂နာရီကြာဖုန်းပြောဆိုနိုင်ပါတယ်။ Battery က 3730mAh အမျိုးအစားကိုသုံးထားပါတယ်။ ဖုန်းရဲ့စွမ်းဆောင်ရည်ပိုင်းမှာ Qualcomm ရဲ့နောက်ဆုံးထုတ် Snapdragon 845 CUP ကို RAM 8GB နဲ့ပေါင်းစပ်ပေးထားပါတယ်။ ဖုန်းတွင်းသိုလှောင်နိုင်မှုက 256GB အထိပါဝင်ထားပြီးဖြစ်ပါတယ်။ Android OS 8.1 ကိုအခြေခံထားတဲ့ OPPO ရဲ့ကိုယ်ပိုင် User Interface ဖြစ်တဲ့ ColorOS 5.1 နဲ့တွဲဖက်သုံးစွဲရမှာဖြစ်လို့ battery ပိုင်းသက်သာစေသလို ဖုန်းရဲ့စွမ်းဆောင်မှုအပိုင်းကိုပါ ပိုမိုကောင်းမွန်စေပါလိမ့်မယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က