ကျန်းမာရေးနဲ့ညီညွတ်အောင်ပြီးဖက်ထုပ်အမျိုးအစားအစုံအလင်ကိုမှဈေးနှုန်းသက်သာစွာနဲ့စားသုံးနိုင်ပါတယ်။

ရွေးချယ်စရာဖက်ထုပ်အမျိုးအစားအစုံအလင်ကိုမှဈေးသက်သာပြီးသဘာ၀အရသာအတိုင်းကျန်းမာရေးနဲ့ညီညွတ်အောင်ရောင်းချပေးတဲ့ဖက်ထုပ်ဆိုင်ကောင်းလေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။



အရသာအစုံရတဲ့ဖက်ထုပ်

မြောက်ဥက္ကလာပမြို့နယ်ဝေဘာဂီမှာဖွင့်လှစ်ထားတဲ့ပတ္တမြားထဆင်ထူးဖက်ထုပ်ဆိုင်လေးကဈေးသက်သာပြီး ကျန်းမာရေးနဲ့ညီညွတ်အောင်ချက်ပြုတ်ရောင်းချတယ်လို့သတင်းမွှေးတဲ့ဆိုင်လေးပါ။ဖက်ထုပ်နဲ့ရှမ်းအစားစာတွေကိုအဓိကရောင်းချတာဖြစ်ပြီးဖက်ထုပ်ကတော့လူကြိုက်အများဆုံးနဲ့နာမည်အကြီးဆုံးဖြစ်ပါတယ်။ဆိုင်မှာဖက်ထုပ်ကိုအရသာမျိုးစုံရပါတယ်။ရွေးချယ်စရာဖက်ထုပ်အရသာအမျိုးအစား (၁၀)မျိုးကျော်ထိရှိတာကဒီဆိုင်ရဲ့ထူးခြားချက်တစ်ခုလည်းဖြစ်ပါတယ်။

"အမတို့ဆိုင်မှာ ဖက်ထုပ်နဲ့ပတ်သက်ရင်မီနူးတော်တော်စုံတယ်။ပုံမှန်ရနေကြဖက်ထုပ်တွေအပြင် ဖက်ထုပ်ချဥ်စပ်၊ဖက်ထုပ်အာပူ၊ဖက်ထုပ်တုန်ယမ်း၊ဖက်ထုပ်မြေအိုးတွေလဲရပါတယ်။စရောင်းတုန်းကတော့ အခုလောက်အမျိုးမစုံဘူးရောင်းရင်းနဲ့ဘယ်လိုလေးလုပ်ရောင်းရင်စားသုံးသူကြိုက်မလဲ ဆိုတာစဥ်းစားပြီးအရသာအသစ်လေးတွေစမ်းလုပ်ဖြစ်တယ်။ကိုယ်လုပ်တဲ့အရသာလေးတွေကို စားသုံးသူတွေကနှစ်သက်ရင်းနဲ့လူကြိုက်များလာတာပါ"လို့ ဆိုင်ရှင်နန်းမွေဆိုင်ခမ်းကပြောပါတယ်။

စားပွဲခုံလေးကနေ ဆိုင်ခန်းထိဖြစ်လာ

ပတ္တမြား(ထဆင်ထူး)ဖက်ထုပ်ဆိုင်ရဲ့ သက်တမ်းက(၇)နှစ်ကျော်ပြီဖြစ်ပါတယ်။ဆိုင်ဖွင့်စကစားပွဲလေးတစ်လုံးနဲ့နေ့တစ်၀က်သာ‌ရောင်းတဲ့ဆိုင်လေးအဖြစ်ဖွင့်ခဲ့တာပါ။ဒီလိုစခဲ့တဲ့ဆိုင်လေးကနေစေတနာနဲ့လက်ရာကြောင့်ဆိုင်ခန်းနဲ့ပြောင်းဖွင့်နိုင်တဲ့အထိအောင်မြင်မှုရရှိလာခဲ့ပါတယ်။

"ဒီလိုဆိုင်ဖွင့်ချိန်တဲ့စိတ်ကူးကအမြဲရှိခဲ့တာ။အိမ်ထောင့်တာ၀န်တွေနဲ့ဆိုတော့ တနိုင်တပိုင်လေးပဲဖွင့်မယ်ဆိုပြီး စားပွဲလေးတလုံးနဲ့ဆိုင်လေးစဖွင့်ခဲ့တာ။အဲ့တုန်းကနေ့တစ်၀က်ပဲဆိုင်ဖွင့်တာ။စရောင်းတုန်းထဲကကိုယ့်လက်ရာလေးကိုကြိုက်ကြတော့ရောင်းကောင်းတယ်။အဲ့ကနေသမီးတွေ၁၀တန်းပြီးတော့ဆိုင်ခန်းနဲ့ပြောင်းဖွင့်ခဲ့တာ။အဓိကကတော့အားပေးတဲ့စားသုံးတွေကြောင့်ပါ"လို့နန်းမွေဆိုင်ခမ်းကပြောပါတယ်။

သဘာ၀အရသာအတိုင်းချက်ပြုတ်ရောင်းချ

ဒီဆိုင်မှာအချိုမှုန့်မသုံးပဲ ကြက်ပြုတ်ရည်ကိုသာအဓိကထားသုံးဆွဲတာပါ။အချို၊အချဉ်အရသာတွေအတွက်သံပုရာသီး၊ထန်းညက်တို့ကိုသာအသုံးပြုတာဖြစ်ပါတယ်။ဆိုင်မှာသုံးတဲ့ မုန်ညှင်းရွက်တွေကလည်း ညောင်နှစ်ပင်စိုက်ပျိုးရေးခြံတိုက်ရိုက် ဝယ်ယူသုံးစွဲတာမို့ လက်ဆက်ပြီးစားကောင်းပါတယ်။

ဆိုင်မှာရတဲ့စားဖွယ်စုံနဲ့ဈေးနှုန်း

ဒီဆိုင်မှာဖက်ထုပ်ကို ရိုးရိုးအရသာအပြင် ဖက်ထုပ်ချဉ်စပ်၊ဖက်ထုပ်မာလာ၊ဖက်ထုပ်ရှူးရှဲ၊ဖက်ထုပ်အာပူ၊မြေအိုးဖက်ထုပ်၊ဖက်ထုပ်အိုးကပ်၊ဖက်ထုပ်ရွကြော်၊ဖက်ထုပ်ကြွပ်ကြော် စသဖြင့်အမျိုးစားစုံလင်အောင်ရပါတယ်။ဒါ့အပြင် ရှမ်းအစားစာ၊ကြက်ပေါင်း၊ခေါက်ဆွဲဆီချက်စသဖြင့် ရွေးချယ်စရာအစုံအလင်ရှိပြီး ဈေးနှုန်းသက်သာစွာနဲ့စားသုံးနိုင်ပါတယ်။ဖက်ထုပ်တစ်ပွဲကို (၃၀၀၀)ကျပ်ဖြစ်ပြီး မီးနူးအလိုက်‌ေဈးနှုန်း ကွာခြားမှုရှိပါတယ်။

ဆိုင်လိပ်စာ

ပတ္တမြား ထဆင်ထူး ဖက်ထုပ်ဆိုင်လးက မြောက်ဥက္ကလာပမြို့နယ်၊ဝေဘာဂီလမ်းပေါ်မှာဖြစ်ပြီး ဓမ္မာရုံမှတ်တိုင်၊ဌဈေးတို့နဲ့နီးပါတယ်။ဆိုင်ဖွင့်ချိန်က မနက်၁၀နာရီကနေ ည၇နာရီထိဖြစ်ပါတယ်။

Share

Loading Next Article...
က္က