စုစုပေါင်း ရွှေဆိုင်း ၈၉ ရွက်ကိုတွေ့ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

ရွှေတိဂုံဘုရားပေါ်က ရွေဆိုင်းတွေကို ရွှေချလုပ်ငန်းလုပ်ဆောင်နေတဲ့ အဖွဲ့က ခိုးယူမှုဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက မတ်လ ၉ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

photo( Myanmar Ancient)



မတ်လ ၈ရက်နေ့က ရွှေတိဂုံစေတီ ရဲကင်းမှူးအဖွဲ့ကနေ စေတီရဲ့ အထက်ပစ္စယံဝင်ပေါက် ထွက်ပေါက်မှာ စစ်ဆေးနေချိန်မှာ ခိုးယူသူတွေကိုဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ငြမ်းစင်ပေါ်မှာ ရွှေချခြင်းလုပ်ငန်းဆောင်ရွက်အပြီး ပြန်ဆင်းလာတဲ့ ရွှေယဉ်မင်း ရွှေချအဖွဲ့မှ အလုပ်သမား ထွန်းဝင်း (သင်္ကန်းကျွန်းမြို့နယ်မှာနေထိုင်သူ) ယူလာတဲ့ အမှိူက်အိတ်အတွင်းကနေ ရွှေဆိုင်း ၆၁ ရွက်နဲ့ မြန်မာ့ဂုဏ် ရွှေချအဖွဲ့က အလုပ်သမား ဝင်းလှိူင်အေး ယူလာတဲ့အမှိူက်အိတ်ထဲမှ ရွှေဆိုင်း၂၈ ရွက် စုစုပေါင်း ရွှေဆိုင်း ၈၉ ရွက်ကိုတွေ့ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

အဆိုပါဖြစ်စဉ်ကို ဒဂုံမြို့မရဲစခန်းကနေ (ပ)၃၆/၂၀၁၉ နဲ့ (ပ)၃၇/၂၀၁၉ တို့နဲ့ ခိုးမှူအဖြစ် အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ရွှေတိဂုံဘုရားပေါ်မှာ ရွှေချတဲ့လုပ်ငန်းစဉ်တွေကို ပြီးခဲ့တဲ့ နှစ်ပိုင်းကနေ စတင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က