အဆိုတော် X-Box ကတော့ ခေတ်သစ်ဖောင်ဒေးရှင်းကနေတဆင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ကုသိုလ်ပြုခဲ့တယ်လို့ သိရပါတယ်။
Photo: Yaminlay
အဆိုတော် X-Box ကတော့ မေလ(၂၀) ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့အတွက် ခေတ်သစ်ဖောင်ဒေးရှင်းကို ငွေကျပ်(၁၀) သိန်း လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ X-Box ရဲ့ အလှူအတွက် ခေတ်သစ်ဖောင်ဒေးရှင်းက ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
" တေးသံရှင် X Box (ခ) ကိုရဲဂေါင်ဖူးမှ Covid-19ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ခေတ်သစ်ဖောင်ဒေးရှင်းသို့ (၁၀)သိန်းကျပ်တိတိလှူဒါန်းသည်ကို ကျေးဇူးတင်စွာဖြင့်လက်ခံရရှိပါသည်။ စိတ်၏ ချမ်းသားခြင်း ၊ ကိုယ်၏ကျန်းမာခြင်းများ နှင့်ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်" ဆိုပြီးတော့ ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ Facebook Page မှာ မေလ (၂၀) ရက်နေ့ နေ့လယ်ပိုင်းက တင်ထားတာ တွေ့ရပါတယ်။
Photo: X-Box
မေမြန်မာခေတ် နဲ့ မေမြန်မာသစ် တို့ နာမည်နဲ့ တည်ထောင်ထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကနေပြီးတော့ Covid – 19 ရောဂါကာကွယ်ထိန်းချုပ် နိုင်ဖို့အတွက် ငွေကျပ် သိန်း(၁၀၀) မတည်ကာ အလှူရှင်များနဲ့ စုပေါင်းပြီး လိုအပ်တဲ့နေရာတွေကို လှူဒါန်းလျှက်ရှိပါတယ်။ နောက်ထပ် အလှူရှင်များအနေနဲ့ ထပ်မံ လှူဒါန်းလိုပါက ခေတ်သစ်ဖောင်ဒေးရှင်း နာမည်နဲ့ ဖွင့်ထားတဲ့ ဘဏ်အကောင့်တွေကိုသာ လွှဲပေးစေချင်တယ်လို့ လည်း ချစ်သုဝေက Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
Photo: X Box
X-Box ကိုတော့ Rap သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူဟာ ‘’အိပ်ရေး မပျက်စေနဲ့’’ သီချင်းကနေ ပရိသတ်အားပေးမှု အများကြီးရရှိလာခဲ့တာပါ။ X-Box ဟာ ၂၀၁၄ ခုနှစ်က 4 Album ဆိုတဲ့ အခွေကို အဆိုတော် ရွှေထူး၊ အဆိုတော် ထက်ယံ၊ အဆိုတော် Lil’z တို့နဲ့ အတူ ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှာ ၉၉ ပေါက်ဆိုတဲ့ ဒုတိယ တစ်ကိုယ်တော်အခွေကို ထွက်ရှိခဲ့ပါတယ်။ လက်ရှိမှာ လည်း X-Box ရဲ့ ‘’Hurt’’ ဆိုတဲ့ သီချင်းဟာ လူငယ်ပရိသတ်တွေ ကြားမှာ ရေပန်းစားလို့နေပါတယ်။