သမီးလေးအတွက် အားလုံးလုပ်ဆောင်ပေးမယ်လို့ သိရပါတယ်။

သရုပ်ဆောင် အံ့မင်းညိုဟာ အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ ဖောင်ဒေးရှင်း ဖြစ်တဲ့ “ခေတ်သစ်” ဖောင်ဒေးရှင်းရဲ့ ကူညီမှုကို သဘောတူညီလိုက်ပြီ ဖြစ်ပါတယ်။ သမီးလေးကို အခုလိုမျိုး အစစအရာရာ ကူညီပေးတဲ့သူ ပေါ်လာလို့ အရမ်းကို ဝမ်းသာမိပါတယ်လို့ အံ့မင်းညိုက ပြောပါတယ်။ 

Photo : အံ့မင်းညို

ဒါကြောင့် သမီးလေးရဲ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဇန်နဝါရီ(၃၁)ရက်နေ့တွင် နှလုံးစစ်ဆေးမှုတွေ စတင်ပြုလုပ်တော့မှာ ဖြစ်တယ်လို့ အံ့မင်းညိုက ဆိုပါတယ်။

“ခေတ်သစ်ဖောင်ဒေးရှင်းက သမီးလေးရဲ့ ကျန်းမာရေးအတွက် လိုအပ်တာတွေ လုပ်ပေးမယ်ဆိုပြီး ကိုလင်းက ပြောခဲ့တယ်။ သူတို့ဘက်ကလက်ခံတယ်ဆိုရင်ပြန်အကြောင်းကြားပေ့ါနော်။ အကိုတို့ဘက်ကလက်ခံလိုက်ပါပြီ။ ကိုလည်း သမီးလေးအတွက် (၇)နှစ်လုံးလုံး ကြိုးစားခဲ့တယ်။ အခုမျိုးလိုကုပေးတဲ့သူပေါ်လာတော့ အရမ်းဝမ်းသာတယ်။ သမီးလေးကို အရင်ဆုံး တစ်ကိုယ်လုံး စစစ်မှာပေ့ါ။ ပြီးမှ အရေးကြီးတာကို အရင်ဆုံးကုမှာပါ” ဆိုပြီး ဇန်နဝါရီ(၂၅) ရက်နေ့က Duwun Media က ဖုန်းနဲ့ဆက်သွယ်မေးမြန်းချိန်မှာ ကိုအံ့မင်းညိုက ပြောပြခဲ့တာပါ။

Photo : အံ့မင်းညို

သမီးလေးဟာ မွေးရာပါ နှလုံးအပေါက် ပါရုံသာမက မျက်လုံးတစ်ဖက်ကလည်း မမြင်ရသလို မွေးတုန်းကလည်း (၃)ပေါင်နဲ့ မွေးခဲ့ရတဲ့ ကလေးဖြစ်ဖို့ ချို့ယွင်းချက်တွေ အရမ်းများတယ်လို့ အံ့မင်းညိုက ဆိုပါတယ်။ သမီးလေးအတွက် စိုးရိမ်ပြီး စိတ်ပူပေးကြတဲ့ ပရိသတ်တွေအားလုံးကိုလည်း အံ့မင်းညိုက ကျေးဇူးတင်စကား ပြောခဲ့ပါသေးတယ်။

“သမီးလေးအတွက် စိတ်ပူပေးကြတဲ့ ပရိသတ်တွေအားလုံးကို တကယ်ပါ အရမ်းကို ကျေးဇူးတင်ပါတယ်။အားလုံး ခွဲစိတ်ပြီးသွားရင် အကုန်လုံး ပြောပြပေးမှာပါ” လို့ အံ့မင်းညိုက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : အံ့မင်းညို

အံ့မင်းညို သမီးလေးရဲ့ သတင်းကို ကြားကြားချင်းမှာ အဆိုတော် လင်းလင်းက အံ့မင်းညိုရှိရာ မန္တလေးသို့ သွားရောက်တွေ့ဆုံပြီး “ခေတ်သစ်”ဖောင်ဒေးရှင်းကနေ သမီးလေးအတွက် လိုအပ်တာတွေ လုပ်ကိုင်ပေးဖို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။‘’ခေတ်သစ်ဖောင်ဒေးရှင်း’’ ကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရီ(၁၉) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ခေတ်နဲ့သစ်တို့ရဲ့ အသက်(၂)နှစ်ပြည့် မွေးနေ့လေးကစလို့ ဖောင်ဒေးရှင်းကို စတင် တည်ထောင်ဖွဲ့စည်းခဲ့တာပါ။

ဖေဖော်ဝါရီ(၁) ရက်နေ့ကစလို့ ဖောင်ဒေးရှင်းကို စတင်အကောင်အထည်သွားမှာဖြစ်တယ်လို့လည်း ဇန်နဝါရီ( ၁၇) ရက်နေ့က ပြုလုပ်တဲ့ “ခေတ်သစ်”ဖောင်ဒေးရှင်း သတင်းစာရှင်းလင်းပွဲမှာ ချစ်သုဝေက ပြောခဲ့တာပါ။“ခေတ်သစ်”ဖောင်ဒေးရှင်းကို (၁၄)နှစ်တာ ကာလသတ်မှတ်ထားပြီး အဆင့်(၇)ခု ခွဲကာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပထမဆုံးအဆင့်မှာ ကလေးသူငယ်များရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရည်ရွယ်ကာ အသက်(၅)နှစ်အောက် ကလေးများ အမှန်တကယ်ခွဲ စိတ်စရိတ်လိုအပ်တဲ့ မွေးရာပါ နှလုံးအပေါက်ပါရောဂါရှင်များအတွက် ရည်ရွယ်ကာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က