သရဲတစ္ဆေမြင်ရတယ် သို့မဟုတ် ပူးကပ်ခံရတယ်လို့ပြောတဲ့ လူနာကို ကုသရမယ့်နည်းလမ်းတွေ သင်ကြားမှာပါ။

နာမည်ဂုဏ်သတင်းကြီးတဲ့ အိန္ဒိယတက္ကသိုလ်တစ်ခုက ဆရာဝန်တွေအတွက် သရဲတစ္ဆေနဲ့ ပတ်သက်တဲ့ သင်တန်းတစ်ခု ဖွင့်လှစ်သင်ကြားမယ်လို့ ကြေညာထားပါတယ်။

(Photo: thisweek.in)

အိန္ဒိယမြောက်ပိုင်း ဗာရာဏသီမြို့ရှိ Banaras Hindu University (BHU) တက္ကသိုလ်က သရဲတစ္ဆေကို မြင်ရတယ် သို့မဟုတ် သရဲတစ္ဆေ ပူးကပ်ခံရတယ်လို့ ပြောကြတဲ့ လူနာများအား မည်သို့ကုသရမယ့် နည်းလမ်းတွေကို ဆရာဝန်တွေအတွက် သင်ကြားပို့ချပေးသွားမယ်လို့ ဆိုပါတယ်။



အဆိုပါ သင်တန်းကို ခြောက်လကြာမြင့်မှာဖြစ်ပြီး သင်တန်းပြီးဆုံးအောင်မြင်ကြောင်း လက်မှတ်ပေးအပ်သွားမယ်လို့လည်း သိရပါတယ်။ သင်တန်းမှာ တစ်ခါတစ်ရံ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ရောထွေးနေလေ့ရှိတဲ့ စိတ်မူမမှန်ဖြစ်မှုကို အဓိကထားသွားမှာဖြစ်ကြောင်း တက္ကသိုလ်မှ တာဝန်ရှိသူတွေက ပြောပါတယ်။

(Photo: Getty Images)

BHU က လာမယ့် ဇန်နဝါရီလမှာ စတင်ဖွင့်လှစ်သွားမယ့် ထိုသင်တန်းကို Ayurveda လို့ခေါ်တဲ့ ရှေးခေတ် ဟိန္ဒူဆေးပညာနဲ့ ကုသရေးစနစ်ဆိုင်ရာ တက္ကသိုလ်ရဲ့ မဟာဌာနက စီစဥ်သင်ကြားသွားမှာ ဖြစ်ပါတယ်။ BHU တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက IANS သတင်းဌာနကို ပြောကြားမှုအရ Bhoot Vidya ခေါ် သရဲတစ္ဆေ လေ့လာသင်ကြားရေး သီးခြားဌာနတစ်ခုကိုလည်း ဖွင့်လှစ်ထားကြောင်း သိရပါတယ်။

"ဒီဌာနအနေနဲ့က ဘာရယ်လို့ မသိရတဲ့ အကြောင်းရင်းတွေကြောင့် စိတ်မူမမှန်ဖြစ်မှုတွေနဲ့ စိတ်ရောဂါတွေကို အဓိကထားပါတယ်" လို့ Ayurveda ဌာနမှူး Yamini Bhushan Tripathi က ဆိုပါတယ်။ သူမရဲ့ အဆိုအရ BHU ဟာ သရဲတစ္ဆေနဲ့ ဆက်နွယ်တဲ့ နေမကောင်းဖြစ်မှုတွေကို ကုသရေးအတွက် သင်တန်းဖွင့်လှစ်တဲ့ ပထမဆုံး အိန္ဒိယတက္ကသိုလ်ဖြစ်ကြောင်းလည်း သိရပါတယ်။

(Photo: @Medical_Mitra/Twitter)

Ayurveda ခေါ် ရှေးခေတ် ဟိန္ဒူဆေးပညာနဲ့ ကုသရေးစနစ်မှာ အပင်နဲ့အသီးအနှံ ဆေးဝါးများ၊ စားနေကျအစားအစာ ပြောင်းလဲခြင်း၊ နှိပ်နယ်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းနဲ့ အခြား လေ့ကျင့်ခန်းပုံစံများ ပါဝင်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ National Institute of Mental Health and Neuroscience (Nimhans) က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ အိန္ဒိယနိုင်ငံသား ၁၄ ရာခိုင်နှုန်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမကောင်းကြဘူးလို့ သိရပါတယ်။

၂၀၁၇ ခုနှစ်မှာ ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ကလည်း အိန္ဒိယနိုင်ငံသား ၂၀ ရာခိုင်နှုန်းဟာ စိတ်ကျရောဂါ ခံစားခဲ့ရနိုင်ကြောင်း ခန့်မှန်းခဲ့ပါတယ်။ လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိတဲ့ အိန္ဒိယမှာ စိတ်ရောဂါကုဆရာဝန်ဦးရေ ၄,၀၀၀ အောက်သာရှိကြောင်းနဲ့ ပြည်သူလူထုကြား စိတ်ပိုင်းဆိုင်ရာ ရောဂါနဲ့ပတ်သက်ပြီး သိနားလည်မှု အားနည်းကြကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က