၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့က ဒိုက်ဦးမြို့နယ်မှာ တစ်သောင်းတန်အတုအမှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ နော်သော့သွဲ့ထူးကို ဧပြီလ ၁၈ ရက်နေ့က ဒိုက်ဦးမြို့နယ်တရားရုံးကနေ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ပြီး တရားသေလွှတ်ပေးလိုက်ကြောင်း သိရပါတယ်။
Photo - Photo - မောင်တင့်
"တရားရုံးကနေ အပြစ်မရှိဘူးဆိုပြီး ဆုံးဖြတ်တဲ့ အတွက် တရားသေလွတ်လာခဲ့ပါတယ်"လို့ နော်သော့သွဲ့ထူးနေထိုင်တဲ့ လယ်ကြားမြောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှဝင်းက Duwun ကို အတည်ပြု ပြောပါတယ်။
စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်ပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ ဒိုက်ဦးမြို့ နယ်၊ စစ်ဗိုလ်ကြီးကျေးရွာအုပ်စု၊ လယ်ကြားမြောင်ကျေးရွာတွင်နေထိုင်တဲ့ မနော်သောသွဲထူး ကိုမြန်မာငွေကျပ် တစ်သောင်းတန် ငွေစက္ကူအတုတွေ သုံးစွဲခဲ့တယ်ဆိုပြီးတော့ဒိုက်ဦးမြို့နယ် တရားရုံးမှာ မြန်မာနိုင်ငံ ဗဟိုဘဏ်ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံခဲ့ရပါတယ်။
နော်သော့သွဲထူးဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတုန်းက စင်ကာပူနိုင်ငံမှာ အိမ်အကူလုပ်ကိုင်ခဲ့ပြီး အိမ်ရှင်အမျိုးသမီးက လုပ်အားခရှင်းရာမှာ စင်ကာပူနိုင်ငံက MM Sharife Trader မှာ လဲလှယ်ခဲ့တဲ့ ငွေတွေဖြစ်ပြီး ငွေအတုတွေဖြစ်တယ်ဆိုတာ သိရှိခြင်းမရှိဘဲ သုံးစွဲခဲ့တာဖြစ်ပါတယ်။
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် ဦးဆောင်တဲ့ အဖွဲ့က ဒီဇင်ဘာ ၂၆ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး တွေ့ရှိချက်တွေကို အစီရင်ခံစာပေးပို့ခဲ့တာတွေလည်း ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ တရားရုံးကနေ စစ်ဆေးပြီး အပြစ်မရှိဘူးလု့ိဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။