COVID-19 ကာကွယ်ဖို့အတွက် တစ်ဖက်တစ်လမ်းက ဆောင်ရွက်နေတာ တွေ့ရပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က ရန်ကုန်ဆေးရုံကြီးနဲ့ လှိုင်သာယာဆေးရုံကြီးမှာ Mask များစွာ လှူဒါန်းခဲ့တဲ့အကြောင်းပြောပြလာပါတယ်။ 

Photo: Sai Sai



စိုင်းစိုင်းခမ်းလှိုင်ကတော့ COVID-19 ကာကွယ်ရေးအတွက် ရန်ကုန်ဆေးရုံကြီးနဲ့ လှိုင်သာယာဆေးရုံကြီးတွေမှာ Mask တွေ လှူခဲ့တယ်လို့ ပြောပါတယ်။ 

"3 လွှာ Surgical Mask များကို ရန်ကုန်ဆေးရုံကြီးသို့ အခုရေ 10000 လှိုင်သာယာဆေးရုံကြီးသို့ အခုရေ 10000 သွားရောက် လှူဒါန်းခဲ့ပါတယ်။ Fighting Doctors and Nurses !! Please be safe for us !! We need you !! " ဆိုပြီးတော့ မတ်လ ၂၃ ရက်နေ့ ည ၈ နာရီက သူ့ရဲ့ Facebook Page မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် အလှူလုပ်ခဲ့တဲ့ အမှတ်တရ ဓာတ်ပုံလေးတွေကိုလည်း သူက တင်ခဲ့ပါသေးတယ်။ 

Photo: Sai Sai

ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ကြောင့် သေဆုံးသွားတဲ့ လူဦးရေတွေက အများကြီးရှိလို့နေပါပြီ။နိုင်ငံတော်တော်များများမှာလည်း ပြည်တွင်းပြည်ပ ခရီးသွားတွေကိုလည်း ဝင်ခွင့်၊ ထွက်ခွင့်တွေ ပိတ်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ လူစုလူဝေးအများအပြားနဲ့ ပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲတွေ လုပ်ခွင့်မရတော့သလို ရုပ်ရှင်ရုံတွေလည်း ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာရှင် တော်တော်များ များကလည်း အဆိုပါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တစ်ဖက်တစ်လမ်းက တိုက်တွန်းနေကြတာကို တွေ့ရပါတယ်။

Photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့ရဲ့ မွေးနေ့ ဖျော်ဖြေပွဲကို အကျဉ်းချုံးလုပ်ဖို့ စီစဉ်ထားပေမယ့်လည်း အခုဆိုရင် သူ့ရဲ့ အိပ်ခန်းထဲမှာပဲ လုပ်ဖြစ်တော့မယ်လု့ိ ပြောပါတယ်။ မွေးနေ့ပွဲအတွက် စိုင်းစိုင်းရဲ့ အစီအစဉ်ကို အခုလို ပြောပြလာပါသေးတယ်။ 

"ဒီနှစ်အခြေအနေအရ လူစုဖို့ မဖြစ်နိုင်တော့ပဲ အားလုံးအိမ်ထဲမှာပဲ တတ်နိုင်သလောက်နေဖို့ ဖြစ်လာတဲ့အခါကျွန်တော့် မွေးနေ့ပွဲကို အိပ်ခန်းထဲမှာပဲ ကျင်းပဖို့ ဖြစ်လာပါတယ်။ ၁၅ နှစ်ဆက်တိုက် ကျွန်တော်မွေးနေ့ပွဲကျင်းပရာနေရာကို ကျွန်တော်ပရိသတ်တွေ တက်ရောက်ခဲ့ကြပြီးတဲ့နောက် ဒီနှစ်မှာတော့ လူတိုင်းရဲ့ အိပ်ခန်းထဲကနေပဲ ကျွန်တော့်ဖျော်ဖြေမှုကို ကြည့်ရှုကြရတော့မှာဖြစ်ပါတယ် ။ ကမ္ဘာ့ကျန်းမာရေး အခြေအနေက နေ့စဉ်ပြောင်းလဲနေတာကြောင့် ကျွန်တော်ဘယ်လို ဖျော်ဖြေမယ်ဆိုတာ အခုချိန်မပြောနိုင်သေးပါဘူး" ဆိုပြီးတော့ မတ်လ ၂၀ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာပါ။  

Photo: FAITH

စိုင်းစိုင်းခမ်းလှိုင်ဟာ ၁၈ နှစ်အရွယ်က တည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရသူပါ။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က