ညကြီးမိုးချုပ် ဖုန်းဆက်ခေါ်တာနဲ့က ရောက်ချလာတာတဲ့။

ညဘက်ကြီး သမီးလေးဖျားနေလို့ ဆေးရုံသွားဖို့ ကားမောင်းမယ့်သူ မရှိလို့ ခိုင်နှင်းဝေတစ်ယောက် အခက်တွေ့ခဲ့ရပါတယ်။ ကားသမားပြန်သွားတဲ့ အချိန်မှာ သမီးလေး အခုလို ဖြစ်တာကြောင့် ကားမောင်းမယ့်သူ မရှိဘဲ အခက်တွေ့နေချိန်မှာ သူငယ်ချင်းဖြစ်သူရဲ့ ကူညီပေးမှုကြောင့် အဆင်ပြေသွားခဲ့ရတယ်လို့ သူမက ဆိုပါတယ်။

 

Photo : ခိုင်နှင်းဝေ



ခိုင်နှင်းဝေတစ်ယောက် ညကြီးမိုးချုပ် သမီးလေး အဖျားတွေတက်လာလို့ ဆေးရုံသို့ ပြေးခဲ့ရပါတယ်။ ကားသမားပြန်သွားတဲ့ အချိန်မှာ သမီးလေး အခုလို ဖြစ်တာကြောင့် ကားမောင်းမယ့်သူ မရှိဘဲ အခက်တွေ့နေချိန်မှာ သူငယ်ချင်းဖြစ်သူရဲ့ ကူညီပေးမှုကြောင့် အဆင်ပြေသွားခဲ့ရတယ်လို့ သူမက ဆိုပါတယ်။ သမီးလေး နေမကောင်းလို့ ဖုန်းဆက်ပြီး အကျိုးအကြောင်း လှမ်းပြောစဉ် ကားသမား မရှိရင် လိုက်ပို့ပေးမယ်ပြောပြီး ချက်ချင်း ရောက်ချလာခဲ့တဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်စကားဆိုထားပါသေးတယ်။

ညကြီးမိုးချုပ် သမီးလေးအဖျားတွေတက်တာနဲ့ ကိုယ်လဲခြေမကိုင်မိလက်မကိုင်မိ ဆေးရုံသွားဖို့ ကားသမားကလဲ ပြန်သွားပြီဆိုတော့ ကားငှားသွားမယ်ပေါ့ သမီးလေးစဖျားကတည်းက သူငယ်ချင်း ဂျိုးဂျိုး ဆီလှမ်းမေး.ဆေးခန်းသွားဖို့ ဘိုကင်တွေယူ ဆေးတိုက်ပေမဲ့ အဖျားကကျပြီး ပြန်တက်လာတော့ လန့်ပြီး စိုုးရိမ်စိတ်တွေများပြီး သူငယ်ချင်းကိုလှမ်းတိုင်ပင်တော့ ချက်ချင်း ကားသမားမရှိရင် လာခေါ်မယ်ဆိုပြီး ဂျိုးရော ပိုးရော ညီမ ၂ ယောက်လုံးအိမ်ကိုလာခေါ်ပြီး ပါရမီကလေးဆေးရုံကိုပြေးရတာပေါ့..ဟိုရောက်တော့ တန်းဆီေစာင့် ည ၁၂:၃၀ ကျော် ၁ နာရီလောက်မှအိမ်ပြန်ရောက်ကြတယ်” ဆိုပြီး ဇွန်လ(၁၄) ရက်နေ့က ညက ခိုင်နှင်းဝေရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : ခိုင်နှင်းဝေ

ဆေးခန်းသွားပြရင်း သမီးလေးကို မြင်တဲ့သူတိုင်းက ချစ်ပေးကြတဲ့အတွက်လည်း အရမ်းကို ပီတိဖြစ်ရတယ်လို့ သူမက ဆိုပါတယ်။

“ သမီးလေးကို ကိုယ့်လိုပဲမိခင်စိတ်အပြည့်နဲ့ သူငယ်ချင်း နဲ့ ညီမလေးလိုချစ်ရတဲ့ ပိုးကဂရုတွေစိုက်စိတ်ပူပြီး ဆရာဝန်ကိုလဲတတွတ်တွတ်မေးပြီး သေချာလေးပြောပြတာမြင်ရတော့ စိတ်ထဲ ဝမ်းသာသလို ငိုလဲငိုချင်တယ်.. ဆရာဝန်တွေကလဲ သမီးလေးကိုချစ်ကြ မြူကြနဲ့ ဆိုတော့ ငါ့သမီးလေးကို ငါ့အပြင် အကုန်လုံးကချစ်ကြတယ်ဆိုတဲ့ ပီတိလေး ကဘယ်လိုပြောပြရမှန်းတောင်မသိဘူး..သမီးလေးကြီးလာရင် ကံမကောင်းလို့မိဘအရင်းနဲ့မနေခဲ့ရပေမဲ့ ချစ်တဲ့သူတွေများတာ သမီးလေးကံကောင်းတာပေါ့ဆိုပြီးပြောပြရင် သမီးလေးသိပ်ပျော်မှာပါ.” ဆိုပြီး ဆက်ပြောထားပါသေးတယ်။

Photo : ခိုင်နှင်းဝေ

အစစအရာရာ ဂရုစိုက်ပေးတဲ့ သူငယ်ချင်းမျိုးစန္ဒီကျော်ကိုလည်း ကျေးဇူးတင်ကြောင်း ပြောထားပါသေးတယ်။ ခိုင်နှင်းဝေနဲ့ မျိုးစန္ဒီကျော်ဟာ အနုပညာလောကမှာ အောင်မြင်မှုကိုယ်စီ ရရှိထားတဲ့ အနုပညာရှင်နှစ်ဦးပါ။ သူတို့နှစ်ဦးဟာ တစ်ချိန်တုန်းက ဗီဒီယိုတွေ ကြော်ငြာတွေ ရိုက်ကူးခဲ့ပေမယ့် လက်ရှိမှာတော့ ပရဟိတအလုပ်တွေ ကိုယ်ပိုင်စီးပွားရေးတွေဘက် ဦးစားပေးလုပ်ကိုင်ဖြစ်နေတာ တွေ့ရပါတယ်။

မျိုးစန္ဒီကျော်က လက်ရှိမှာ Single Mother တစ်ယောက်အဖြစ် ရပ်တည်နေပြီး အနုပညာအလုပ်တွေလည်း လုပ်ကိုင်နေသလို ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကိုလည်း ဦးစီးပြီး လုပ်ကိုင်နေသူပါ။ သမီးလေးနဲ့အတူ သာယာတဲ့ မိသားစုဘဝလေးကို ထူထောင်နေတာ ဖြစ်ပါတယ်။



Photo : ခိုင်နှင်းဝေ

ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်းတွေ သွားရောက်လုပ်ကိုင် ဆောင်ရွက်ပေးဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က