ရွှေထူးရဲ့ အနုပညာနဲ့ ပတ်သက်ပြီး ဇနီးချောလေးရွှေမှုန်ရတီရဲ့ အားပေးမှုတွေကို ရင်ဖွင့်ပြောပြလာပါတယ်။ ခင်ပွန်းဖြစ်သူ ဖန်တီးလိုက်တဲ့ အနုပညာတွေကိုလည်း လက်ခုပ်တီးပေးဖို့ အဆင်သင့်ပါပဲတဲ့။
အဆိုတော် ရွှေထူးက ၂၀၁၈ ခုနှစ်အတွင်း သီချင်းတောင်းဆိုခံရမှု အများဆုံး ဆုကို City FM က ချီးမြင့်ခဲ့တာဖြစ်ပါတယ်။ ဒီဆု အတွက် သူ့ရဲ့ ဇနီးဖြစ်သူ ရွှေမှုန်ရတီကလည်း ဝမ်းသာဂုဏ်ယူနေတာဖြစ်ပြီး ဝမ်းသာပျော်ရွှင်မှုတွေကို မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။
'' ကိုယ်က သူ့ကိုလည်း ချစ်သလို သူ့ရဲ့ အနုပညာကိုလည်း ချစ်တယ်။ ကိုယ်တွေက အနုပညာသမားဖြစ်တဲ့ အတွက် ပိုပြီးတော့ ချစ်တယ်ဆိုတော့ သူ့အနုပညာကို ဘယ်လိုပဲ ဖန်တီး၊ ဖန်တီး သူ့ရဲ့ အနုပညာအလှအပတွေကို ခံစားဖို့ အဆင်သင့်ပါပဲ'' လို့ ဆိုပါတယ်။
ရွှေမှုန်ရတီက ခင်ပွန်းဖြစ်သူ ရွှေထူးကို စင်ပေါ်မှာ သီချင်းဆိုရင်း ကတာကိုကြည့်ပြီး သဘောကျမိတဲ့ အချက်တွေကို ပြောပြလာပါတယ်။ အဲ့ဒီနောက် ခင်ပွန်းဖြစ်သူရဲ့ သီချင်းတွေကိုလည်း မကြာခဏ ဆိုလေ့ရှိတယ်လို့ ဇန်နဝါရီလ ၁၂ ရက်နေ့ က City FM ဆုပေးပွဲမှာ ဖြေဆိုခဲ့တာပါ။
'' သူက အရမ်းကတယ်၊ ဒါပေမယ့် သူ့အရပ်ရှည်ရှည်ကြီးနဲ့ ကတာဆိုတော့ တော်တော်ကြည့်လို့ကောင်းပါတယ်။ သဘောကျ တယ်။ ရွှေထူးရဲ့ သီချင်းတွေကို ရတာပေါ့ အရမ်းရတာ ဒါပေမယ့် ကိုယ်က သီချင်းဆိုရင် စာသားတွေ အမှားဆိုလို့ သူကလေ သူ့ သီချင်းတွေ လိုက်မဆိုပါနဲ့ သီချင်းပျက်လို့တဲ့ အမြဲပြောတယ်'' ဆိုပြီးတော့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့တာပါ။
ရွှေထူးဟာ ဇနီးချောလေး ရွှေမှုန်ရတီနဲ့ အိမ်ထောင်ပြုပြီးတဲ့နောက်မှာတော့ ဇနီးဖြစ်သူရဲ့ အကြောင်းတွေကို မကြာခဏ သီချင်း ရေးဖွဲ့လေ့ရှိပါတယ်။
သူတို့နှစ်ယောက်စလုံးဟာ လာမယ့် ဒီဇင်ဘာကျမှ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့ကေ နပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။