မွေးနေ့ ဆုတောင်းစကားတွေ အများကြီးပြောထားပါသေးတယ်။

ရွှေမှုံရတီ တစ်ယောက် ခင်ပွန်းဖြစ်သူ ရွှေထူးပေးတဲ့ မွေးနေ့လက်ဆောင်တွေကြားမှာ ပျော်ရွှင်နေတာ တွေ့ရပါတယ်။ သူမကတော့ မေလ ၁၆ ရက်နေ့က အသက် ၂၁ နှစ်ပြည့်ခဲ့တာပါ။

Photo: Htoo Khant



ရွှေထူးဟာ ၂၀၁၉ ခုနှစ် မေလ ၁၆ ရက်နေ့မှာ အသက် ၂၁ နှစ်ပြည့်သွားပြီဖြစ်တဲ့ ဇနီးချောလေး ရွှေမှုံရတီကိုတော့ ချစ်စရာကောင်းတဲ့ Birthday Surprise တစ်ခုလုပ်ခဲ့ပါတယ်။ Birthday Dinner လေးကိုတော့ ဇနီးမောင်နှံ နှစ်ယောက်တည်း ဖြတ်သန်းခဲ့တာဖြစ်ပြီး လှပတဲ့ မီးရောင်လေးနဲ့ နှင်းဆီပန်းတွေကြားမှာ ပျော်ရွှင်နေတဲ့ ဇနီးချောလေးအတွက် မွေးနေ့ဆုတောင်းစကားကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

‘’ချစ်ရတဲ့ ဇနီးငယ်လေးရေ Happy Birthday ... ပျော်စရာမွေးနေ့လေးဖြစ်ပါစေဗျာ။ ယနေ့မှစပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လူသားအားလုံးအပော် အလုပ်အကျွေးပြုနိုင်တဲ့ မိန်းမတစ်ယောက်ဖြစ်ပါစေ။ ရှည်ရှည်ဝေးဝေတွေ အများကြီး မပြောတော့ပါဘူး။ မိန်းမကို အရမ်းချစ်တယ်။ ပါပါးအချစ်တွေနဲ့ ပက်သက်လို့ လူတိုင်းရှေ့မှာ ငါ့မိန်းမရင်ကော့ ခေါင်းမော့ လက်မထောင်နိုင်အောင် တစ်သက်လုံးချစ်ပါရစေနော်။ ဘာတွေပဲကြုံလာကြုံလာ လက်ကိုမလွှတ်ပဲ ဘေးနားမှာအမြဲတမ်းရှိပြီး အတူတူရဲရင့်ပေးခဲ့လို့လည်း ကျေးဇူးအများကြီးတင်ပါတယ်’’လို့ ဆိုပါတယ်။

Photo: Htoo Khant

အဲဒီနောက် ကျန်းမာရေး ချုချာတတ်တဲ့ ရွှေမှုံရတီကို ကျန်းမာရေးကောင်းအောင်နေစေချင်တယ်လို့ ရွှေထူးက ရင်ဖွင့်ပြောပြခဲ့ပါသေးတယ်။

‘’တစ်ခုပဲတောင်းဆိုပါရစေ ကျန်းမာရေးလေးပဲကောင်းအောင်နေပေးပါ။ အဲ့ဒါမိန်းမဆီက ပြန်အလိုချင်ဆုံးအရာမို့ပါ။ မိန်းမကိုအရမ်းချစ်တယ်။ မိန်းမရဲ့ ရွှေကြီး’’ ဆိုပြီးတော့ မေလ ၁၆ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။အဲဒီနောက် သူ့ရဲ့ Surprise တွေနဲ့ ပျော်ရွှင်နေတဲ့ ဇနီးချောလေးရဲ့ ဓာတ်ပုံကိုလည်း တင်ခဲ့တာကို တွေ့ရပါတယ်။

Photo: Amazing Grace

ရွှေထူးရဲ့ Surprise တွေနဲ့ ပျော်ရွှင်ခဲ့ရတဲ့ ရွှေမှုံရတီကလည်း ကျေးဇူးတင်စကားပြောလာပါသေးတယ်။ သူမကိုယ်တိုင်လည်း အရမ်းပျော်နေပါတယ်တဲ့။

‘’ပါးပါး ကလေးကိုချစ်ပေး တဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်။ surprise အတွက်လည်း အရမ်းကျေနပ်မိတယ်။လိုချင်တာတွေကိုပဲပေးလို့’’ ဆိုပြီးတော့လည်း Comment ပြန်လည်ရေးသားထားတာ တွေ့ရပါတယ်။ 

Photo: Htoo Khant

ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ယောက်ပါဝင်သရုပ်ဆောင်ထားတဲ့ ဧည့်သည် ရုပ်ရှင်ဇာတ်ကားကိုတော့ ၂၀၁၉ ခုနှစ် မေလ ၃၀ ရက်နေ့ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ သူတို့ ချစ်သူနှစ်ယောက်ရဲ့ ပထမဆုံးအကြိမ် စတင်တွေ့ဆုံခဲ့တဲ့ ဇာတ်ကား တစ်ကားဖြစ်လည်းဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ ပထမဆုံး အတူတူသီဆိုထားတဲ့ ‘’အမှား’’ သီချင်းကလည်း ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရွှေထူးက ဇနီးချောလေးအတွက် သီချင်းအသစ်တွေ ဖန်တီးပေးဦးမှာ ဖြစ်သလို သူ့ရဲ့ တတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က