တပ်က ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ရွှေဘို အကျဉ်းထောင်မှာ ဒီနေ့ မနက် ၄ နာရီလောက်ကစပြီး အကျဉ်းသားတွေ ဆူပူမှု ဖြစ်ပွားခဲ့ရာ တိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ဝင်ရောက်ဖြေရှင်းခဲ့ပေမယ့် လက်ရှိ အချိန်ထိ ပြေလည်မှုမရရှိသေးဘူးလို့ ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူးက Duwun ကိုပြောပါတယ်။

Photo - Ko Zan

အကျဉ်းသားတွေက တန်းတူရည်တူ အခွင့်အရေးမရရှိတဲ့ အကြောင်းပြောဆိုကာ အကျဉ်းထောင်အတွင်း ဆူပူခဲ့ပြီးနောက် သက်ဆိုင်ရာ အာဏာပိုင်တွေက သေနတ်နဲ့ ပစ်ဖောက်ခဲ့ရာ အကျဉ်းသား (၄) ဦး သေဆုံးသွားခဲ့တာလည်းဖြစ်ပါတယ်။


Photo - Monywa Gazette

“ ညှိနှိုင်းပေးကြတာ ဘယ်လို မှမရတော့ဘူး။ တချို့တွေကခဲတွေ၊ တုတ်တွေနဲ့ ရန်မူလာပြီး တံခါးပေါက်ကို ဝင်လာဖို့ လုပ်တဲ့အတွက် သေနတ်နဲ့ပစ်ဖောက်ခဲ့ရတာပါ။ ငြိမ်ကြဖို့ ပြောပေမယ့် မလိုက်နာကြပါဘူး။ အခုချိန်ထိ ထောင်ထဲမှာ ပြေလည်မှုမရသေးပါဘူး။ “ လို့ ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသောင်းဟိန်းက ဆိုပါတယ်။ အကျဉ်းသားတွေဟာ တုတ်၊ခဲနဲ့ လက်နက်အချို့တွေ နဲ့ ဆူပူသောင်းကျန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဦးသောင်းဟိန်းက ဆက်ပြောပါတယ်။

Photo - Monywa Gazette

လက်ရှိမှာ သွားရောက်ညှိနှိုင်းပေးခဲ့ စစ်ကိုင်းတိုင်းအစိုးရဝန်ကြီးချုပ်မှာ ထောင်ပြင်ကို ပြန်ထွက်လာခဲ့ပြီး လက်နက်ကိုင်စစ်သားတွေ အများအပြားထောင်ထဲကို ဝင်ရောက်သွားတာကိုတွေ့ရတယ်လို့ Myanmar Now သတင်းဌာန ရေးသားချက်အရသိရပါတယ်။

Photo - Monywa Gazette

လူမှုကွန်ရက်မှာ ပျံ့နှံနေခဲ့တဲ့ ဗီဒီယိုဖိုင်အရအကျဉ်းသားတွေဟာ သံပုံးတွေတီးပြီး “ မိုးအောင်ရင်လို လွတ်မြောက်ရေး တို့ အရေး” အော်ဟစ်နေတာကိုတွေ့ရပါတယ်။

နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ မပါလို့ဆိုပြီး ဘားအံ၊ မြစ်ကြီးနား၊ ကလေး၊ မော်လိုက် ၊ ပုသိမ်၊ ရွှေဘို က အကျဉ်းထောင်တွေမှာ ဆူပူဆန္ဒပြမှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့လည်းသိရပါတယ်။

Share

Loading Next Article...
က္က