လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှု မရှိပါဘူး။

ခင်ဦးမြို့နယ် အင်ကြင်ပင်ကျေးရွာ သမိုင်းဝင်တိလောကသဗ္ဗညု စေတီတော် ၊ ကျောက်တိုင်ဝင်းအတွင်းရှိ စေတီတော် ပိဋကတ်တိုက်တော် နဲ့ ဓမ္မာရုံခေါင်မိုးပေါ်မှထီးတော်တို့ မှ စိန်ဖူးတော် (၃) ခုမှာ ငလျင်ဒဏ်ကြောင့် ပြုတ်ကျပျောက်ဆုံးနေတယ်လို့ ဝေဘူကမ္မဋ္ဌာန်းရိပ်သာကျောင်းတိုက် ဆရာတော်က မိန့်ကြားပါတယ်။

“ စေတီတော် ၃ ခုစလုံးစိန်ဖူးတော် မြေခပြီး အခုထိ အခုချိန်ထိ မတွေ့ရှိရသေးဘူး” လို့ ဆရာတော် ဦးသဇ္ဇနက မိန့် ကြားပါတယ်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အနောက်မြောက်ဖက် ၁၄ မိုင်ခန့်အကွာ ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ရွှေဘို၊ ရေဦးနဲ့ ခင်ဦးမြို့နယ်တွေမှာ သာသနိက အဆောက်အအုံတွေနဲ့ လူနေအဆောက်အအုံ အချို့ပျက်စီးမှုတွေရှိခဲ့တယ်လို့ ရွှေဘိုင်ခရိုင် မီးသတ်ဦးစီးမှူး ဦးအေးမြင့်က Duwun ကိုပြောပါတယ်။

“ အပျက်အစီးကတော့ ခင်ဦးမြို့နယ်မှာ အများဆုံးပဲ။လူအသေအပျောက် ထိခိုက်ဒဏ်ရာရရှိမှုတော့မရှိပါဘူး။ သာသနိက အဆောက်အအုံတော်တော်များများပျက်စီးတာပါ” လို့ ဦးအေးမြင့်က ဆိုပါတယ်။

ရွှေဘိုမြို့နယ်မှာ ရွှေဘိုနည်းပညာကောလိပ် (GTC) မှာ မျက်နှာကျက်တွေ ပြိုကျပျက်စီးခြင်း၊ မြင်းစီးကျေးရွာရှိ ဆောင်တမိုးဘုရားရဲ့ ထီးတော်ဆောင်းကျင်းပြုတ်ကျခြင်း၊ အလိုတော်ပြည့်ဘုရားရဲ့ စိန်ဖူးတော်မြေခပြီး ကြာမောက်ကြာလန်ပွင့်ထွက်ခြင်း၊ ရှင်မဟာပေါင်းလဲ‌ လျောင်းတော်မှု အာရုံခံတန်ဆောင်ကွဲအက်ခြင်း၊ ကျားရွာရှိ ဇေတဝန်ကျောင်းထီးတော် မြေခတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ခင်ဦးမြို့နယ်မှာ အင်ကြင်ပင်ကျေးရွာရှိ ဝေဘူကျောင်းမှ တိလောကသဗ္ဗညု စေတီတော်ရဲ့ အောက်ပစ္စယံ အက်ကြောင်းဖြစ်ပြီး ရွဲလုံးရဲ့ အထက် (၄)ပုံ (၁)ပုံခန့်ပြိုကျပျက်စီးခြင်း၊ ထီးတော်စောင်းခြင်း၊ မြို့သစ်ကျေးရွာ ဘုန်းကြီးကျောင်းရှိ စေတီတော် ထီးတော်မြေခခြင်း၊ သာဝတ္တိ ကျေးရွာရှိ ဖန်ချက်သိုစေတီရဲ့ ဖောင်းတော်ရစ်ကွာကျတာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

စာသင်ကျောင်း ၁၁ ကျောင်းမှာ ပျက်စီးမှုတွေ ရှိခဲ့ပြီး ဗအိုးကျေးရွာက ရွှေဘုံသာဘုန်တော်ကြီးကျောင်း နံရံပြိုကျခြင်း၊ လောင်းရှည်ကျေးရွာက ဂြိုလ်(၈)လုံး စေတီထဲမှ စေတီတစ်ဆူရဲ့ ထီးတော်မြေခပြီး အရန်စေတီများနှင့် ဆုတောင်းပြည့်စေတီတွေ အက်ကွဲခြင်း၊ ကံသာယာ ကျေးရွာမှာ ကံစွယ်ကျောင်းရှိ သိမ်ကြီးစေတီ စိန်ဖူးတော်မြေခပြီး ဖောင်းတော်ကွာကျခြင်း၊ ဘိုးကျော်စေတီ စိန်ဖူးတော်မြေခပြီး ဖောင်းတော်ရစ်ကွာကျခြင်း၊ ရွှေလည်ကျောင်းတိုက်စေတီတော် စိန်ဖူးတော်မြေခတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ခင်ဦးမြို့နယ်အတွင်းရှိ ဖွားသန်းခင်စေတီ အက်ကွဲခြင်း၊ ချမ်းသာရစေတီနဲ့ ရွေဂူကြီးစေတီ‌တို့ ဖောင်းတော်ရစ်ကွာကျခြင်း၊ ဒေါ်လှညွှန့်စေတီ (၂)ဆူ စိန်ဖူးတော်မြေခပြီး ဖောင်းတော်ရစ်ကွာကျခြင်း၊ ပေါင်းလှဲကုန်းကျေးရွာရှိ မိုးဆုတောင်းပြည့်ဘုရား မုခ်ဦးပြိုကျခြင်း၊ ရွှေကံပွင့်စေတီထီးတော်မြေခ ခြင်း၊ သုဗောစာရုံစေတီ ထီးတော်စောင်းခြင်း၊ သုခိတာရုံစေတီ၊ သံသရာအေးစေတီ၊ ဘုံကျော်ကျောင်း ဆောင်နှင့် ရွှေဓါးကျောင်းဆောင်သစ် အက်ကွဲခြင်း၊ တည်ဘိုပင်ကျေးရွာတွင် ဗလီကျောင်းရဲ့ မျက်နှာကျက်ပြိုကျတာတွေနေအိမ်အချို့ နေအိမ် ပြိုကျ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ရေဦးမြို့နယ်မှာ မဲအိုးကျေးရွာ ဖော်တောင်ဦးဘုရား စိန်ဖူးတော် မြေခပြီး ခေါင်းလောင်းရစ် အက်ကွဲတာ၊ အုတ်ဖိုကျေးရွာ ဘုန်းကြီးကျောင်း မုခ်ဦး ထီးတော် မြေခတာ၊ မြင်းပေါက်ကျေးရွာ ကျောင်းတိုက်စေတီ ထီးတော်ယိုင်ခြင်း၊ စည်သာမြေကျေးရွာ အရှေ့ ကျောင်းတိုက် ကျောင်းဆောင်ယိုင်ခြင်း၊ ဆုတောင်းပြည့်စေတီ အက်ကွဲခြင်းနဲ့ စိန်ဖူးတော်ယိုင်ခြင်း၊ အောင်ဆန်းရပ်ကွက်က လူနေအိမ်အချို့နဲ့ ဘုန်းကြီးကျောင်းအချို့ ပျက်စီးမှု တွေရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းက စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ မြောက်ဘက် ၄၅ မိုင်ခန့်အကွာ ကျောက်မြောင်းကို ဗဟိုပြုပြီး အင်အား ၆.၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ဖူးပြီး လူ ၆ ဦးသေဆုံးခဲ့သလို ပျက်စီးမှု ၊ ထိခိုက်ဒဏ်ရာရမှုတွေ အများအပြားရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က