သူမဟာ မေလ (၁) ရက်နေ့ကတည်းက ဆေးရုံတက်နေရတာဖြစ်ပါတယ်။

မီးမီးခဲဟာ အမေများနေ့မှာ သူချစ်ရတဲ့ ရင်သွေးလေးတွေဆီကို ကျန်းကျန်းမာမာနဲ့ ပြန်နိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ 

Photo: Mee Mee Khel



အဆိုတော် မီးမီးခဲကတော့ ကင်ဆာဆေးတွေရဲ့ ဆိုးကျိုးခံစားနေရတဲ့အချိန် ဆေးရုံပေါ်မှာ ဆေးကုသမှု ခံယူခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ကျန်းမာရေး အခြေအနေကောင်းလာပြီဖြစ်တဲ့အတွက် သူ့ကို မျှော်နေမယ့် ရင်သွေးလေးတွေဆီ ပြန်ခွင့်ရပြီလို့လည်း သူကဆိုပါတယ်။ 

"မားမီ အိမ်ပြန်လာခဲ့ပါပြီ သမီး များ နဲ့ သား Napolion .. ရေ။ သားနဲ့သမီး တို့ရဲ့အသက်ရှင်စေချင်တဲ့ဆုေ တာင်း သံ တွေကို ဘုရားသနားခဲ့ပါတယ်။ Mother's Day မှာ အမေကိုကျန်းမာစေချင်တဲ့ ကလေးတွေ ပျော် နိုင်ကြပါပြီ..,Thank you for who look after me at the difficult times. Especially Thanks To the Doctor Hui and Nurses Teams..God Bless You All..ကျေးဇူးတော်သက်သက်ရယ်ပါ" ဆိုပြီးတော့ မေလ (၉) ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Mee Mee Khel

မီးမီးခဲဟာ ကင်ဆာဆေးတွေရဲ့ ဆိုးကျိုးကြောင့် သူမရဲ့ ခြေထောက်တစ်ဖက်မကောင်းတာကြောင့် မေလ ၁ ရက်နေ့က သြစတျေးလျနိုင်ငံရှိ The Crown Princess Mary Cancer Centre Westmead ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမဟာ မိသားစုနဲ့ အတူ သြစတျေးလျနိုင်ငံ Sydney မြို့မှာနေထိုင်တာဖြစ်ပါတယ်။   သားငယ်လေးရဲ့ အသက် (၃) နှစ်ပြည့်မွေးနေ့မှာလည်း မိခင်တစ်ယောက်အနေနဲ့ အတူတူ မရှိပေးနိုင်ခဲ့တာကြောင့်လည်း သူမဟာ စိတ်မကောင်းဖြစ်နေခဲ့ပါသေးတယ်။ 

Photo: Mee Mee Khel

အဆိုတော် မီးမီးခဲဟာ ၂၀၁၉ ခုနှစ်အတွင်းက ကင်ဆာရောဂါကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့အပြင် ရင်သားကင်ဆာ အဆင့်(၄) အထိ ရောက်ခဲ့ရတာဖြစ်ပါတယ်။ သူမရဲ့ ကျန်းမာရေးအခြေအနေကောင်းလာဖို့အတွက်ကိုလည်း ဆရာဝန်ကြီးတွေရဲ့ ညွှန်ကြားချက်အတိုင်း နေထိုင်စားသောက်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမကိုယ်တိုင်က ကင်ဆာရောဂါခံစားနေရတာကြောင့် ကင်ဆာဝေဒနာရှင်တွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် သီချင်းတွေကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ရင်း အားပေးခဲ့ပါတယ်။ မန္တလေးမှာလည်း ဒုတိယမြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပခဲ့ပါသေးတယ်။ အောင်မြင်တဲ့ ဖျော်ဖြေပွဲကြီးတစ်ခုဖြစ်ခဲ့သလို ဒီဖျော်ဖြေပွဲက ရရှိတဲ့ ငွေကြေးတွေကို ကင်ဆာဝေဒနာရှင်တွေအတွက် မီးမီးခဲက အလှူအတန်းတွေ လုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က