အိမ်ထောင်ရှင်တစ်ယောက်ဖြစ်သွားတဲ့ ရွှေထူးအတွက် ရုပ်ရှင်ရိုက်မယ့် ကာရိုက်တာတွေကို သေသေချာချာ ရွေးချယ်ပေးနေတယ်လို့ 7th Sense Film Production မှ ထုတ်လုပ်သူ ကိုဝေမင်းမောင်က ပြောပါတယ်။
Photo: Wai Min Maung
အဆိုတော်ရွှေထူးဟာ သူ့ရဲ့ သရုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး 7th Sense Film Production နဲ့ ၂ နှစ် စာချုပ်ချုပ်ဆိုပြီး ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထားတာဖြစ်ပါတယ်။ အခုချိန်မှာတော့ အိမ်ထောင်ရှင်တစ်ယောက်ဖြစ်သွားတဲ့ ရွှေထူးအတွက် ကာရိုက်တာကို သေသေချာချာရွေးချယ်နေတယ်လို့ 7th Sense Film Production ရဲ့ ထုတ်လုပ်သူ ကိုဝေမင်းမောင်က မီဒီယာတွေကို ပြောပြလာပါတယ်။
Photo: Htoo Khant
ရွှေထူးဟာ 7th Sense Film Production နဲ့အတူ ‘’ပက်ပက်စက်စက်ညှို့’’ ၊ ‘’ဒဏ္ဍာရီမိုး’’၊ ‘’ဧည့်သည်’’ ရုပ်ရှင်ကားကြီးတွေရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ နောက်ထပ် ရိုက်ကူးမယ့် ဇာတ်ကားမှာတော့ ရင့်ကျက်တဲ့ လူငယ်တစ်ယောက် အသွင်နဲ့သာ မြင်ရမယ်လို့ ကိုဝေမင်းမောင်က ဆက်လက်ပြောပြလာပါတယ်။
Photo: Wai Min Maung
ကိုဝေမင်းမောင်က ရွှေထူးဟာ အိမ်ထောင်ရှင်တစ်ယောက်ဖြစ်တာကြောင့် ကာရိုက်တာကို သေသေချာချာရွေးချယ်ရတယ်လို့ ဆိုပါတယ်။
‘’အခုလောလောလတ်လတ်ကလည်း သူက အိမ်ထောင်ကျထားထာဖြစ်တဲ့အတွက် သူခဏတော့ နားနေတာလည်းဖြစ်ပါတယ်။ နောက်ကျရင်တော့ သူနဲ့ လိုက်ဖက်မယ့့် ဇာတ်မျိုးတွေကို ရွေးချယ်ရိုက်ကူးသွားဖို့ ရှိပါတယ်။ ရွှေထူးက အရင်က လူပျို၊ လူလွတ်ဆိုတော့ လွတ်လွတ်လပ်လပ် ဇာတ်ကို ရွေးချယ်လို့ရတယ်’’ လို့ ဆိုပါတယ်။
Photo: Aye Zaw Moe
7th Sense Film Production က ထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေဖြစ်တဲ့ ‘’မုန်းစွဲ’’၊ ‘’တိမ်တိုက်တံတား’’၊ ‘’ရန်သူ’’၊ ‘’ကိုယ်စောင့်နတ်’’ စတဲ့ ရုပ်ရှင်ဇတ်ကားကြီးတွေဟာ မတ်လ ၂၃ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ၂၀၁၈ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအတွက် ဆန်ခါတင်စာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၂၅ ကားထဲမှာ ပါဝင်နေတာကိုတွေ့ရပါတယ်။