ဖေဖေ မင်းမော်ကွန်းက ပြောပြထားတာပါ။

လေပြေသွေးက ဆေးရုံအတူတူတက်နေရတဲ့ အစ်ကိုဖြစ်သူအတွက် ဂရုတစိုက်ရှိတဲ့ အကြောင်းကို ဖေဖေမင်းမော်ကွန်းက အခုလိုပြောပြထားပါတယ်။ သူ့ရဲ့ သားနဲ့ သမီးက မကြာသေးခင်က ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဆေးရုံတင်ထားရတာဖြစ်ပါတယ်။ 

Photo: မင်းမော်ကွန်း



သရုပ်ဆောင် မင်းမော်ကွန်းရဲ့ သား နဲ့ သမီးက ရှေ့ဆင့်နောက်ဆင့် ဆိုသလို ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံတင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အခုတော့ သမီးငယ်လေပြေသွေးက အစ်ကိုဖြစ်သူ မောင်မင်းမြတ်ကို သတင်းလာမေးတယ်လို့ မင်းမော်ကွန်းက ပြောပါတယ်။

‘’ညီမလေးက အကိုဆီလာလည်ရှာတယ်’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၅ နာရီခွဲကျော်က ရေးသားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သားကြီး မောင်မင်းမြတ် အမြန်ဆုံးနေကောင်းလာဖို့အတွက်ကိုလည်း ပရိသတ်တွေက Comment ကနေတဆင့် ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။

Photo: မင်းမော်ကွန်း

မောင်မင်းမြတ်ဟာ ဝက်သက်ပေါက်လို့ ဆေးရုံတင်ထားရတာ ဖြစ်ပါတယ်။ အဲဒီနောက် သမီးငယ်လေပြေသွေးကိုလည်း ဆေးရုံ တင်ခဲ့ရပြန်တယ်လို့ ဖေဖော်ဝါရီလ ၈ ရက်နေ့ က မင်းမော်ကွန်းရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါသေးတယ်။

"ဝက်သက်တွေအရမ်းဖြစ်ကြတယ် ပိုပြင်းထန်ပြီး ကူးစက်ဖို့ပိုလွယ်တယ် ရောဂါပိုးတွေ ပိုပြင်းလာတယ်ထင်တယ် စိတ်ပူလိုက်တာ သားနဲ့သမီးရေ"လို့ ရေးသားထားတာပါ။

Photo: မင်းမော်ကွန်း

သမီးလေးပုံရဲ့ ပို့စ်အောက်မှာလည်း ပရိသတ်တွေ ၊ မိတ်ဆွေအပေါင်းအသင်းတွေက စိုးရိမ်ပြီး သတင်းမေးထားကြတာ တွေ့ရပါတယ်။ သားကြီး မောင်မင်းမြတ်ကတော့ ဝက်သက်ဖြစ်လို့ ဆေးကုသမှု ခံယူနေဆဲဖြစ်ပြီး သမီးလေပြေသွေးကို ဆေးစစ်ထားတုန်းဆိုပြီး သတင်းမေးကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို မင်းမော်ကွန်းက ပြန်ဖြေထားပါတယ်။ အားလုံးကလည်း ကလေးတွေ အမြန်ဆုံး နေကောင်းဖို့အတွက် ဆုတောင်းထားကြပါတယ်။

Photo: မင်းမော်ကွန်း

မင်းမော်ကွန်းက လက်ရှိမှာ သူချစ်ရတဲ့ ဇနီးနဲ့ အတူ သားသမီး ၃ ယောက်ပိုင်ဆိုင်ထားတဲ့ ဖခင်ဖြစ်ပါတယ်။ အကြီးဆုံးကတော့ သားကြီး မောင်မင်းမြတ်ဖြစ်ပါတယ်။ သမီးအလတ်ကတော့ လေပြေသွေးပါ။ သူမကတော့ အနုပညာအလုပ်တွေ လုပ်ကိုင်လျှက်ရှိပါတယ်။ အငယ်ဆုံးသားလေးကိုတော့ ဧကဘုန်းမြတ် လို့ နာမည်ပေးထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က