နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောကြားခဲ့တာဖြစ်ပါတယ်။

Covid 19 အတည်ပြုလူနာ နံပါတ်(၁၇)သေဆုံးသွားတာနဲ့ ပတ်သက်ပြီး သေဆုံးသူရဲ့ မိသားစုကို နိုင်ငံတော်က စောင့်ရှောက်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဧပြီလ(၈)ရက်နေ့က မကွေးတိုင်းပြည်သူတွေနဲ့ အပြန်အလှန်ဆွေးနွေးတဲ့ Facebook Live မှာပြောကြားခဲ့ပါတယ်။ 

“သေဆုံးသွားတဲ့ လူနာအတွက် စိတ်မကောင်းဖြစ်ပေမယ့်လည််း စိတ်မကောင်းရုံနဲ့ ပြီးမှာမဟုတ်ဘဲ ထပ်ပြီးတော့ ဆိုးရွားမှုတွေမရှိအောင် ကြိုးစားရမယ်။ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေကို နိုင်ငံတော်က အပြည့်အဝစောင့်ရှောက်မယ်၊ ဒါက နိုင်ငံတော်ရဲ့တာဝန်ဖြစ်တယ်” လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောကြားခဲ့တာပါ။



ပြည်သူတစ်ယောက်ချင်းတစ်ယောက်ချင်းက တန်ဖိုးရှိတာကြောင့် တစ်ယောက်ချင်းကို တန်ဖိုးထားပြီး တက်နိုင်သမျှစောင့်ရှောက်ပါမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။ 

သေဆုံးသွားတဲ့ လူနာနံပါတ်(၁၇)ဟာ ဒီကနေ့ ဧပြီလ (၈)ရက်နေ့ မနက် (၃)နာရီကျော်လောက်က ပြည်ဆေးရုံမှာဆေးကုသမှုခံယူနေရင်းသေဆုံးခဲ့တာပါ။

သေဆုံးခဲ့တဲ့ လူနာဟာ ပဲခူးတိုင်းဒေသကြီးပေါက်ခေါင်းမြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်ပြီးတော့ သူ့ရဲ့ဇနီးကနေတစ်ဆင့် မိသားစုလိုက်ရောဂါကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။ 

အတည်ပြုလူနာ နံပတ်(၁၇)ဟာ Covid 19ရောဂါကြောင့် သွေးဆိပ်တက်ခြင်းနဲ့ ပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါတို့ကြောင့် အဆုတ်ပျက်စီး သေဆုံးခဲ့တာဖြစ်ပြီး လူနာကိုလည်း ဒီကနေ့မနက်ပိုင်းမှာပဲ ချက်ချင်းသဂြိုလ်ခဲ့တာဖြစ်ပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ဖြစ်ပွားသူ ၂၂ ဦးနေပြီး ပေါက်ခေါင်းမြို့နယ်က မြို့နယ်အုပ်ချုပ်ရေးမှူး လူနာနံပါတ်(၁၇)အပါအဝင် မင်္ဂတာတောင်ညွှန်မြို့နယ်က အသက် ၆၉ နှစ်အရွယ်အမျိုးသားနဲ့ မြောက်ဥက္ကလာပမြို့နယ်ကအသက် ၆၃ နှစ်အရွယ် အမျိုးသမီး စုစုပေါင်း (၃ )ဦး သေဆုံးခဲ့ပြီလို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က