ကမ္ဘာ့ခေတ်ရှေ့အပြေးဆုံးစစ်တပ်တွေထဲကတစ်ခုအပါအဝင်ဖြစ်တဲ့ အမေရိကန်စစ်တပ်ကတော့ မျက်မှောက်ခေတ်လူငယ်တွေ စိတ်အဝင်စားဆုံးနယ်ပယ်လို့ဆိုရမယ့် Esports နယ်ပယ်ထဲကို တဖြည်းဖြည်းနဲ့ တိုးဝှေ့ဝင်ရောက်လာပါပြီ။

ကမ္ဘာ့ခေတ်ရှေ့အပြေးဆုံးစစ်တပ်တွေထဲကတစ်ခုအပါအဝင်ဖြစ်တဲ့ အမေရိကန်စစ်တပ်ကတော့ မျက်မှောက်ခေတ်လူငယ်တွေ စိတ်အဝင်စားဆုံးနယ်ပယ်လို့ဆိုရမယ့် Esports နယ်ပယ်ထဲကို တဖြည်းဖြည်းနဲ့ တိုးဝှေ့ဝင်ရောက်လာပါပြီ။


အစပိုင်းမှ‌ာ Esports အသင်းတည်ထောင်ရုံလောက်သာ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ESL လို အဖွဲ့အစည်းကြီးတွေနဲ့ ပူးပေါင်းလက်တွဲပြီး ပြိုင်ပွဲကျင်းပတဲ့နေရာမှာပါ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လို့လာပါတယ်။ လက်ရှိအချိန်မှာတော့ အမေရိကန် ကြည်း၊ရေ၊လေတပ်အားလုံးက Esports နယ်ပယ်ထဲကို သူ့နည်းသူဟန်နဲ့တိုးဝင်လျက်ရှိပြီး ရည်ရွယ်ချက်ကတော့ လူငယ်များနဲ့ ထိတွေ့နိုင်သမျှ ထိတွေ့နေဖို့ပဲဖြစ်ပါတယ်။



တကယ်တော့ အမေရိကန်ကြည်းတပ်က ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ U.S. Army Esports အသင်းကိုတည်ထောင်ပြီး Esports နယ်ပယ်ထဲကိုဝင်ရောက်လာခဲ့တာဖြစ်ပြီး သူတို့လက်အောက်မှာ အမေရိကန်မှာရေပန်းအစားဆုံးဂိမ်းတွေဖြစ်တဲ့ League of Legends, Call of Duty, Counter-Strike: Global Offensive နဲ့ Fortnite အသင်းတွေကိုဖွဲ့စည်းထားပါတယ်။


လေတပ်ကတော့ Esports နယ်ပယ်ထဲကို ဒုတိယမြောက်ဝင်ရောက်လာတဲ့ စစ်တပ်ဖြစ်ပြီး Air Force Academy Esports အသင်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ ဖွဲ့စည်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ၂၀၂၀ ခုနှစ်ထဲမှာကျင်းပမယ့် Intel Extreme Masters North America ပြိုင်ပွဲနဲ့ ESL Pro League ပြိုင်ပွဲတွေဖြစ်မြောက်ရေးအတွက်ပါ ပါဝင်ကူညီခဲ့ပါတယ်။


Esports နယ်ပယ်ထဲကို နောက်ဆုံးဝင်ရောက်လာကတော့ အမေရိကန်ရေတပ်ဖြစ်ပြီး လက်ရှိအချိန်အထိ Esports အသင်း မတည်ထောင်ရသေးဘူးဆိုပေမယ့် Esports နယ်ပယ်ထဲမှာ လှုပ်ရှားမှုအချို့ကိုပြုလုပ်လျက်ရှိပါတယ်။ အမေရိကန်ရေတပ်ဟာ လက်ရှိအကြီးမားဆုံး Streaming Platform ဖြစ်တဲ့ Twitch, Esports Media တစ်ခုဖြစ်တဲ့ DBLTAP တို့နဲ့ လက်တွဲလိုက်ပြီဖြစ်ပြီး မြောက်အမေရိကရဲ့ အကြီးဆုံး Esports အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Evil Geniuses နဲ့လည်း အကျိုးတူပူးပေါင်းထားပါတယ်။

Evil Geniuses အသင်းဟာ အမေရိကန်ရေတပ်ရဲ့ CS:GO အသင်းအတွက် ကစားသမားစုဆောင်းပေးရမှာဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်နေ့မှာ စတင်ကျင်းပမယ့် TwitchCon 2020 မှာ U.S. Navy Esports CS:GO အသင်းကို မိတ်ဆက်သွားမှာပါ။ အမေရိကန်ရေတပ်ကတော့ ဒါတွေတင်မကသေးဘဲ ESL, DreamHack တို့လို ပွဲစီစဉ်သူတွေနဲ့ ပူးပေါင်းပြီး ပြိုင်ပွဲဖြစ်မြောက်ရေးတွေမှာ ပါဝင်လာဦးမှာဖြစ်ပါတယ်။


အမေရိကန်စစ်တပ်ဟာ လက်ရှိစစ်မှုထမ်းတွေရဲ့အခန်းကဏ္ဍကို မြှင့်တင်ချင်ရုံတင်မကဘဲ တပ်သားသစ်စုဆောင်းရေးအတွက်ပါ Esports နယ်ပယ်ထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။ Esports ဟာ လက်ရှိလူငယ်တွေအကြားမှာ ရေပန်းအစားဆုံးနယ်ပယ်ဖြစ်တာကြောင့်လည်း တမင်ရွေးချယ်ခဲ့ဟန်တူပါတယ်။ အမေရိကန်စစ်တပ်ကတော့ ဒီနှစ်ကစတင်ပြီး မားကတ်တင်းဘက်ဂျက်ရဲ့ ၉၇ ရာခိုင်နှုန်းလောက်ကို Twitch, Youtube စတဲ့ Streaming Platform တွေပေါ်မှာပဲ အသုံးပြုသွားမယ်လို့ သိရပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က