မတည်ငွေကတော့ ၆၅ သိန်းရှိပါတယ်။

ထူးအယ်လင်းဦးဆောင်ပြီး ဆိုင်ကယ်ချစ်သူအဖွဲ့ တို့ ဟာ တနင်္သာရီတိုင်း တုံးဗျောကျေးရွာ က ဘုရားကုန်းကျေးရွာ စေတီကို ငွေကျပ် ခြောက်ဆယ့်ငါးသိန်းအကုန်ကျခံပြီး ပြုပြင်မွမ်းမံသွားမယ်လို့ သိရပါတယ်။

Photo: Htoo El Lin

အဆိုတော် ထူးအယ်လင်းနဲ့အတူ ဆိုင်ကယ်ချစ်သူများအဖွဲ့ဟာ တနင်္သာရီတိုင်း ဒေသကြီး တုံးဗျောကျေးရွာအုပ်စုမှာရှိတဲ့ ဘုရားကုန်းကျေးရွာစေတီကို အလှူရှင်ပရိသတ်တွေနဲ့ ပူးပေါင်းပြီး ပြန်လည်ပြုပြင်သွားမယ်လို့ဆိုပါတယ်။

‘’ဒီမနက် တုံးဗျောရွာ ၄၆၆နှစ်သက်တမ်းရှိတဲ့ဘုရားကုန်းစေတီမှာ ၂၁.၃.၂၀၁၉ မနက် ၂:၀၀ နာရီမှာ ထူးခြားဖြစ်စဉ်လေးတွေ ရှိကြောင်း အကျိုးအကြောင်းကို ရွာမှ ရွာခံဦးလေး ဦးကြည်တင်(သူတို့ ခုနှစ်ယောက်အဖွဲ့)မှ အားပါးတရ ဖုန်းဆက်ပြီးပြောပြလို့ စောစီးစွာ မင်္ဂလာကျက်သရေရှိလှပါတယ် ။ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် တုံးဗျောကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာစေတီ ကို  ကျွန်တော်တို့ ယခုလာမည့် ဧပြီလ ၁ ရက်နေ့ ည ၁၂ နာရီမကျော်ခင် ရှေးဟောင်းဘုရားစေတီတည်ခြင်းခရီးစဉ်စမယ်ဗျ ။ ဧပရယ် ၃ ရက်နေ့ စေတီပြုပြင်မွမ်းမံခြင်းအစီအစဉ်စမယ်’’ ဆိုပြီးတော့ မတ်လ ၂၉ ရက်နေ့ ညနေ ၂ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Htoo El Lin

ါကြောင့် ထူးအယ်လင်းနဲ့ ဆိုင်ကယ်ချစ်သူတို့အဖွဲ့ဟာ  အဆိုပါစေတီအတွက် အလှူငွေကျပ် ၁၅ သိန်းကို မတည်သွားမှာဖြစ်ပြီး နောက်ထပ်အလှူရှင်တွေကလည်း ပါဝင်လှူဒါန်းထားတယ်လို့ သိရပါတယ်။

‘’ကျွန်တော်တို့အဖွဲ့မှ မတည်ငွေ- ၁,၅၀၀,၀၀၀(တစ်ဆယ့်ငါးသိန်း)အစ ပထမဦး အလှူရှင် ဘုရားဒကာမမှ-၅,၀၀၀,၀၀၀(ငါးဆယ်သိန်း)၊ ဒေါ်ကြီးလရိပ် ခေတ္တ(စင်္ကာပူ)မှ-၅၀,၀၀၀(ငါးသောင်း)၊ စုစုပေါင်း ခြောက်ဆယ့်ငါးသိန်းငါးသောင်းဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် တုံးဗျော ကျေးရွာအုပ်စု ရှေးဟောင်းဘုရားကုန်းကျေးရွာစေတီအား စတင်ပြုပြင်မွမ်းမံပြီဗျ ။ ကုသိုလ်ပါဝင်မည့် ခုနှစ်ရက်သားသမီး/ရာဟုသားသမီးအပါ အလှူရှင်များကို နဲများမဆို သဒ္ဓါဒါနအားများ ဖိတ်ခေါ်ပါတယ်’’ လို့ ဆက်လက်ရေးသားထားတာ တွေ့ရပါတယ်။


Photo: Htoo El Lin

ထူးအယ်လင်းက ဖေဖော်ဝါရီလ အတွင်းမှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့တစ်နေ့တာကိုလည်း ဂီတညီအစ်ကိုတွေနဲ့ အတူ အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီအလှူကိုတော့ လှိုင်သာယာ မြို့နယ်မှာရှိတဲ့ ‘’ အနှိုင်းမဲ့’’ မိဘမဲ့ဂေဟာမှာ ပြုလုပ်ခဲ့တာပါ။ သူဟာ တကယ်လိုအပ်တဲ့ နေရာဒေသတွေမှာ မကြာခဏဆိုသလို သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အခုချိန်မှာလည်း အများအကျိုးလုပ်ဖို့ရည်ရွယ်ချက်နဲ့ အများအကျိုးအတွက်လှူဒါန်းဖို့ ဂီတသစ်ပင်လို့ အမည်ပေးထားတဲ့ တေးစီးရီးလည်း ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Photo: Htoo El Lin

ထူးအယ်လင်း(Htoo El Lin)ဟာ လက်ရှိမှာ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ မီးဘေးသင့်ဒေ သတွေသာမက ရေဘေးသင့်ဒေသတွေ၊ မီးသဂြိုဟ်စက် လိုအပ်တဲ့နေရာတွေ၊ လူနာတင်ယာဉ် လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။နောက်ထပ်လည်း ပြုပြင်ဖို့လိုအပ်နေတဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီပုထိုးတွေ မှာလည်း ပါဝင်ကုသိုလ်ယူနေတာကို တွေ့ရပါတယ်။

Share

Loading Next Article...
က္က