ချီးကျူးထားသေးတယ်နော်။

ဂီတလောကမှာ ဆယ်စုနှစ်များစွာအောင်မြင်မှုတွေကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ အဆိုတော်ကြီးအောင်ရင်က စက်တင်ဘာ(၂၉) ရက်နေ့က ကျင်းပတဲ့ ဝေလရဲ့ ရှိုးပွဲကြည့်ပြီးဝေလကို ချီးကျူးစကားတွေ ဆိုထားတာတွေ့ရပါတယ်။

 

ဂီတလောကမှာ ဆယ်စုနှစ်များစွာအောင်မြင်မှုတွေကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ အဆိုတော်ကြီးအောင်ရင်က စက်တင်ဘာ(၂၉) ရက်နေ့က ကျင်းပတဲ့ ဝေလရဲ့ ရှိုးပွဲကြည့်ပြီးဝေလကို ချီးကျူးစကားတွေ ဆိုထားတာတွေ့ရပါတယ်။ဝေလရဲ့ live in 360 ရှိုးပွဲကိုကြည့်ပြီး သူ့အနေနဲ့ ကြက်သီးတွေတောင် ထခဲ့ရတယ်ဆိုပြီး ပြောထားပါသေးတယ်။

"Huge congratulations Wai La Runner Band, ဓီရာမိုဃ် နဲ့ ဂီတကဗျာအဖွဲ့ Soe Naing Tun ပွဲအစအဆုံးတိုင် ငါ့မှာလေထဲ လွင့်သွားသ လိုဖြစ်လိုက် ကြက်သီးတွေထလိုက် ခဏအသက်ရှုဖို့မေ့လိုက်နဲ့ အရမ်းကိုမိုက်တယ်ကွာ တကယ်ထိုက်ထိုက်တန်တန်လုပ်သွားတယ် အမုန်း ကောင်းလို့ စွန်းခိုက်ကွာ" ဆိုပြီး ဦးအောင်ရင်က စက်တင်ဘာ(၃၀) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။


ပထမဆုံးရှိုးပွဲမှာ အလှူတစ်ခုဖြစ်မြောက်သွားလို့ ဝမ်းသာနေတဲ့ ဝေလ 

ဝေလရဲ့ "Wai La Live In 360" ရှိုးပွဲကို ရန်ကုန်မြို့ ၊အမျိုးသားကဇာတ်ရုံမှာ စက်တင်ဘာ(၂၉) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော်ဖျေ်ာဖြေပွဲမှာ ပရိသတ်တွေရဲ့ အားပေးမှု တခဲနက် ရရှိခဲ့တာကိုလည်းတွေ့ရပါတယ်။ ဦးအောင်ရင်ဟာ လက်ရှိတွင် မြန်မာနိုင်ငံမှာ နေထိုင်လျက်ရှိပြီး သူရဲ့ တစ်ကိုယ်တော်အခွေကိုလည်း ၂၀၁၈ခုနှစ်ဇွန်လပိုင်းလောက်က ထွက်ရှိနိုင်ခဲ့ပါတယ်။


အခွေနာမည်က "ဒီရက်ပိုင်း" ဆိုပြီး နာမည်ပေးခဲ့တာပါ။ "ဒီရက်ပိုင်း" ဆိုတဲ့ သီချင်းခွေဟာ အောင်ရင်ရဲ့ (၁၅)ခွေမြောက် တစ်ကိုယ်တော် အခွေဖြစ်ပြီး ဆိုနေကြ တေးသီချင်းအမျိုး အစားအပြင် ဆိုနေကြ မဟုတ်တဲ့ သီချင်းများလည်း ပါဝင်ထားတယ်လို့ သိရပါတယ်။

အောင်ရင်ဟာမြန်မာနိုင်ငံကို ပြန်ရောက်နေတာ တော်တော်ကြာပြီဖြစ်ပြီး ၂၀၁၆ခုနှစ် အောက်တိုဘာ(၂၂) ရက်နေ့ကလည်း သူ့ရဲ့ "Aung Yin 32" ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ပါသေးတယ်။

 

အာင်ရင်ဟာ ဂီတလောကမှာ အောင်မြင်မှု ရရှိထားတဲ့ အဆိုတော်တစ်ဦးဖြစ်သလို ယခုအချိန်အထိ ပရိသတ်အားပေးမှု အခိုင်အမာရရှိ ထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က