ယောကျ်ားလေးပရိသတ်တွေကို ပိုလိုချင်တယ်တဲ့။

ယောက်ျားလေးပရိသတ်အများစုရှိတဲ့ Ye Deight Fan Club ထဲမှာ ပရိသတ်တွေနဲ့ တရင်းတနှီးစကားပြောခဲ့သလို သူ့ကို ဝေဖန်ပေးဖို့ကိုလည်း တောင်းဆိုထားတာ တွေ့ရပါတယ်။



Photo : ရဲတိုက် FB

 

သရုပ်ဆောင် ရဲတိုက်ဟာ သူ့ရဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် Group တွေထဲမှာ စကားပြောလေ့ရှိပါတယ်။ စက်တင်ဘာ(၃၀) ရက်နေ့ကလည်း Ye Deight Fan Club ထဲမှာ ပရိသတ်တွေနဲ့အတူ စကားတွေ ပြောခဲ့ပါသေးတယ်။ ယောက်ျားလေးပရိသတ်အများစုရှိတဲ့ Ye Deight Fan Club ထဲမှာ ပရိသတ်တွေနဲ့ တရင်းတနှီးစကားပြောခဲ့သလို သူ့ကို ဝေဖန်ပေးဖို့ကိုလည်း တောင်းဆိုထားတာ တွေ့ရပါတယ်။

 

သူ့အနေနဲ့ မိန်းကလေး ပရိသတ်ထက် ယောကျ်ားလေးပရိသတ်ကို ပိုပြီး မျှော်နေမိတယ်လို့ ပြောထားပါသေးတယ်။

"ကျွန်တော်ကဘာလို့ယောကျ်ားလေး ပရိသတ်လိုချင်တာလဲဆိုတော့ အဓိက ပြောချင်တာက ကောလဟလအပါအဝင် အမှန်တရား တချို့ကို လည်း သိချင်တယ်။ကျွန်တော်လိုချင်တာ ဝေဖန်တာရယ် အကြံပေးတာရယ် ကျွန်တော်ကို စိတ်ထိခိုက်မှာစိုးတဲ့စိတ်နဲ့ ပြောသင့်ပြော တိုက်တာ ကို မပြောပဲနေမှာ ကျွန်တော်စိုးရိမ်တယ်။အဓိက ယောကျ်ားလေး ပရိသတ်ကို ကျွန်တော်မျှော်တယ်ဆိုတာ ယောကျ်ားလေး ပရိသတ်က သိပ်ပြီးတော့ မိန်းက လေးတွေလို စိုးရိမ်ပူပန်တာတွေ သိပ်မရှီဘူး။ ပြောချင်တာကို ပြောနိုင်ချေ ရှိတယ်လို့ ကျွန်တော်ယူဆတဲ့အတွက် ယော က်ျား လေး ပရိသတ်တွေ ကို ကျွန်တော်လိုချျင်တာပါ။ " ဆိုပြီး စက်တင်ဘာ(၃၀) ရက်နေ့က ပြောထားတာတွေ့ရပါတယ်။

ဇာတ်လမ်းကောင်းကောင်း ရိုက်ခွင့်ရပြီဆိုတဲ့ ရဲတိုက် 

ဝေဖန်တဲ့နေရာမှာ သူ့ကို ဆဲချင်တာရှိလည်း ပွင့်ပွင့်လင်းလင်း ဆဲနိုင်တယ်လို့လည်း ဆိုပါတယ်။ ယောကျ်ားလေး အချင်းချင်းဆဲတာကို သူ့အနေနဲ့ စိတ်ဆိုးမှာမဟုတ်သလို သူကလည်း အရင်တုန်းက ရဲတိုက်လည်းရဲတိုက်မဟုတ်တော့တာကြောင့် အားနာစရာမလိုဘူးလို့ ဆိုပါတယ်။

"ကျွန်တော်လည်း ယောကျာ်းလေးပဲ ကိစ္စမရှိဘူး။ ဆဲချင်တာရှိရင်လည်း ပွင့်ပွင့်လင်းလင်းဆဲနိုင်တယ်။ကျွန်တော်က အရင်တုန်းက မဆဲတတ် ဘူး။ ဒါပေမယ့် ထောင်ကပြန်ထွက်လာတော့ မဟုတ်တော့ဘူးပေ့ါနော်။ အရင်တုန်းက ရဲတိုက်ကို ပြန်မရနိုင်တော့ဘူး။ အနာဂတ်မှာ ရောက်လာ တဲ့ ရဲတိုက်က အဆိုးကြီးမဟုတ်ပါဘူး။ စကားပြောတာလေး ဘာလေ ပြောင်းလဲသွားတာ ပိုပြီးတော့လေပေးဖြောင့်လာတယ်။ အရင်တုန်းက ရဲတိုက်က ဒီလိုအလုပ်မျိုး လုပ်မှာမဟုတ်ဘူးး။ သူက နည်းနည်းရှက်တတ်ယ်။ ကျွန်တော်က ရှက်ကြောမပါတော့ဘူး။" ဆိုပြီး ဆက်လက်ပြော ထားပါသေးတယ်။

 

ရဲတိုက်ဟာ ၂၀၁၇ခုနှစ် နိုဝင်ဘာ(၁၇) ရက်နေ့က ထောင်ကနေ ပြန်လွှတ်လာတာဖြစ်ပြီး ဇန်နဝါရီ(၁၃) ရက်နေ့စပြီး ဇာတ်ကားတွေ ရိုက်ကူး ဖြစ်ခဲ့ပါတယ်။ သူစတင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကတော့ bo bo film production နဲ့အတူ လက်တွဲပြီး "မှန်" ဆိုတဲ့ ဇာတ်ကားကို စတင်ရိုက်ကူးခဲ့ပါတယ်။ နောက်ထပ်လည်း ဇာတ်ကားတွေရိုက်ကူးထားသေးတယ်လို့ သိရပါတယ်။

အနုပညာလောကထဲကို ပြန်လည်ရောက်ရှိလာတဲ့ သရုပ်ဆောင်ရဲတိုက်က အခုဆိုရင် ဇာတ်ကားတော်တော်များများ ရိုက်နေရပြီဖြစ်ပါတယ်။ 7 Sence Flim Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ဝင်းလွင်ထက်ပုံဖော်ထားတဲ့ ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဒေါင်း၊ ရွှေထူး နဲ့ ဝတ်မှုံရွှေရည် တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က