အသက် (၂) နှစ်ခန့်အရွယ်ကလေးငယ်ကို ရေနှစ်နှိပ်စက်တဲ့ အဘွားအရင်းဖြစ်သူနဲ့ အဒေါ်ဖြစ်သူကို မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းမှာ လူသတ်ရန်ကြံစည်မှုနဲ့ အမှုဖွင့်အရေးယူမယ်လို့ မြောက်ဥက္ကလာပရဲစခန်းကနေ သိရပါတယ်။
ဥပဒေရုံးကို ကလေးသူငယ်ဥပဒေ ၆၆(ဃ) နဲ့ တရားစွဲဆိုဖို့ တင်လိုက်ပေမယ့် ဥပဒေရုံးကနေ လူသတ်ရန်ကြံစည်မှုနဲ့ တရားစွဲဖို့ အကြံပြုလာတာကြောင့် ပုဒ်မ ၃၀၇ နဲ့ တရားစွဲမှာဖြစ်တယ်လို့ မြောက်ဥက္ကလာပရဲစခန်းမှ တာဝန်ရှိသူက Duwun ကိုပြောပါတယ်။
ဒီအမှုကို တရားလိုအဖြစ် အမှုဖွင့်တိုင်ကြားတဲ့သူ မနိုင်နိုင်မော်က ကျူးလွန်သူတွေရဲ့အိမ်နောက်ဖေးမှာ အိမ်ငှားနေတာပါ။ တရားလို မနိုင်နိုင်မော်တို့ ဇနီးမောင်နှံဟာ အဆိုပါအိမ်မှာ ငှားနေတာ (၅)လခန့်ရှိပြီး ဒီကာလအတွင်းမှာဘဲ ကျူးလွန်သူသားအမိက ကလေးကို ညင်းပန်းနှိပ်စက်တာ အကြိမ်ပေါင်း မရေတွက်နိုင်ဘူး"လို့ မနိုင်နိုင်မော်က Duwun ကိုပြောပါတယ်။
"ကလေးကို ရေနွေးပူနဲ့လောင်းတယ်၊ ရိုက်တယ်၊ ထမင်းဝအောင်မကျွေးဘဲအစာအိမ်ရေငတ်ထားလို့ ကလေးက အိမ်သာထဲက ရေကိုတောင်သောက်ရတယ် ခုလိုရေနှစ်တာက ကလေးအသက်ကို ထိခိုက်နိုင်တာကြောင့် အမှုဖွင့်တိုင်ကြားတာပါ။"လို့ပြောပါတယ်။
အရင်ကတည်းက မနိုင်နိုင်မော်ကအခုလိုကလေးကိုနှိပ်စက်ကြောင်းအိမ်နီးချင်းကလူတွေကိုပြောခဲ့တာကြောင့် အိမ်နီးချင်းကလူတွေက ဒီတစ်ခါဖြစ်ရင် video ရိုက်ထားလို့ပြောဆိုခဲ့ကြတာပါ။အခုလိုရေနှစ်တဲ့ video ကို ဧပြီလ (၂၀)ရက်နေ့ကရိုက်ခဲ့ဲပြီး ဒာဲ့ဒီနေ့ညမှာ အမှုဖွင့်တိုင်ကြားခဲ့တာပါ။
လက်ရှိမှာတော့ ကျူးလွန်တဲ့ သားအမိနှစ်ဦးကို မြောက်ဥက္ကလာပ ရဲစခန်းက စစ်ဆေးမှုတွေဆောင်ရွက်နေပြီး ကလေးကိုတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေချထားရေးဝန်ကြီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။